အပိုင်း (၂)

12.1K 349 7
                                    

Unicode##

"ဟင်!"

သရဖီနှင့် ရုံးကိုတူတူတက်လာပြီး အလုပ်‌အကြောင်းဆွေးနွေးကာ အခန်းထဲဝင်လာတော့ တွေ့လိုက်ရတဲ့  စားပွဲပေါ်က နွားနို့ခွက်နှင့်ဆင်းဒ်ဝခ်ျဗူး....

"ဒါနင်ထား ထားတာလား သရဖီ"

"ဟင်!မဟုတ်ပါဘူး ငါခုမှနင်နဲ့အတူတူရုံးတက်တာလေ ဒါကိုဘယ်လိုထားမလဲဟ"

‌"အင်း...ဟုတ်သားပဲ။ဟင်!"

သရဖီနှင့် စကားပြောရင်း ဆင်းဒ်ဝခ်ျဗူးကိုကိုင်လိုက်တော့ ဗူးအဖုံးပေါ်မှာ ချစ်စရာအရုပ်လေးတွေနဲ့ပုံဖော်ထားတဲ့ sticky noteလေးနဲ့ရေးထားတဲ့စာတစောင်....

(ဒါလေးစားပြီးဒီနေ့လေးကိုစတင်လိုက်နော်^_^^_^ပင်ပင်ပန်းပန်းမလုပ်နဲ့ဦး)

စာလေးမြင်ပြီး မဟူရာပြုံးမိသွားသည်ထင်သည်....

"အမယ် မဟူရာတို့ကတော့ စားစရာလာပေးတဲ့သူနဲ့ ဇိမ်ကိုကျနေတာပဲ"

သရဖီ့စကားကို အပြုံးလေးနှင့်တုံ့ပြန့်ရင်း ဗူးထဲကဆင်းဒ်ဝခ်ျတခုကိုယူစားလိုက်မိသည်...ပထမဆုံးစဝါးလိုက်တဲ့တကိုက်မှာတင် စေတနာပါလို့ထင်ပါရဲ့....ပေါင်မုန့်သားကအိနေပြီး အထဲမှာထည့်ထားတဲ့အစာသွတ်တွေအပြင် မဟူရာသိပ်ကြိုက်တဲ့Cpချောင်းလေးတွေကလည်းအပြည့်....ပါးစပ်ထဲမှာတင် ပျော်ဝင်အိဆင်းသွားတဲ့ဆင်းဒ်ဝခ်ျအရသာကြောင့် စားတဲ့မဟူရာတောင် စာထဲမှာရေးထားတဲ့အတိုင်း ဒီနေ့ကိုစတင်ဖို့ အားအပြည့်ရရှိလိုက်သလိုပင်....

ဝန်ခံပါတယ် ဘယ်သူပေးမှန်းမသိပေမဲ့ စားဖူးတဲ့ဆင်းဒ်ဝခ်ျထဲမှာ ဒီဆင်းဒ်ဝခ်ျအရသာအကောင်းဆုံးဆိုတာကိုပေါ့....
~~~~~
"ဒါရိုက်တာချုပ် ပြင်သစ်ဘက်ကပို့တဲ့ဒီဇိုင်းက.......!"

ဖိုင်တွဲကြီးဖွင့်ကာ လုပ်ငန်းအကြောင်းဆွေးနွေးဖို့ ဒါရိုက်တာချုပ်အခန်းထဲဝင်လာတော့ ဆိုဖာပေါ်မှာအိပ်နေတဲ့ပုံကိုမြင်လိုက်တာကြောင့် ပြောမဲ့စကားများကြက်ပျောက်ဌက်ပျောက် ပျောက်ကုန်လျက်။ အစောကြီးရုံးမလာတတ်တဲ့သူက ရုံးလာလို့အံ့ဩနေလို့မဆုံးလိုက်ဒီလိုပုံစံတွေ့တော့ ပိုတောင်အံ့ဩရသေးသည်....။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now