အပိုင်း (၅)

7.4K 217 2
                                    

Unicode##
"ကဲ ဒီနေ့တော့ ပြဿနာတွေတက်တာတောင် မငြီးငြူဘဲ အားလုံးဝိုင်းကူပေးကြလို့ ဒီနေ့ကြိုက်သလောက် သောက်ကြပါ"

"ယေး!!!!ချီးယား!!!!"

ဒါရိုက်တာချုပ်ပြောတာကို ပြန်ဖြေလိုက်တော့ ဆိုင်တဆိုင်လုံးမှာ မဟူရာတို့teamကလူတွေ အသံတွေနဲ့ပဲ ဖုံးလွမ်းနေလျက်....

"အော် ပြီးတော့ ခုမှအလုပ်စဝင်လာတဲ့ မင်းတံတိုင်းကိုလည်း ဂုဏ်ပြုလိုက်ကြမယ် အလုပ်ဝင် ဝင်လာချင်းဒီလိုပြဿနာနဲ့တိုးသွားလို့ မိတ်ဆုံစားပွဲလုပ်ပေးတာ နောက်ကျသွားလို့လည်း ဆော်ရီးပါ"

"ရပါတယ် ဒီလိုမျိုးတွေမှာ စိတ်မဆိုးတတ်ပါဘူး"

"ကဲ အဝသောက်လို့ရပါပြီ ကုန်ကျစရိတ်ကို ကျနော်ကောင်းမြတ်ကိုယ်တိုင်ရှင်းမှာမို့လို့"

"ယေး!!!!!!"

"ဟဲ့ မဟူရာ နင်အရက်မသောက်နဲ့ဦး သောက်လို့မရဘူးဆိုတာသိတယ်မလား"

မဟူရာ့အတွက် ဒီလိုမိတ်ဆုံစားပွဲလုပ်ပေးတုန်းက သူတို့အတင်းတိုက်လို့ မဟူရာမှောက်သွားတုန်းက တော်တော်ရစ်ပြီး သောင်းကျန်းခဲ့တာ.......မနက်ရောက်တော့မှအကုန်မှတ်မိလို့ အထက်လူကြီးတွေကို သွားတောင်းပန်ခဲ့ရသေးတယ်......ဒါတောင် သူမသောက်ခဲ့တာ အတိအကျ၃ခွက်ထဲသာ.....အဲ့တုန်းကအထက်လူကြီးတွေဆိုနောက်ပိုင်း မဟူရာ့ကိုအရက်မတိုက်ရဲတော့ဘူး.….ဒါကြောင့်ပဲ သရဖီက မဟူရာ့ကိုအိမ်ပြန်ပို့ရင်းရင်းနှီးသွားရာကနေ စကားလိုက်ပြောရင်း မဟူရာတို့ရင်းနှီးသွားကြတာ။

"သိပါတယ် သရဖီရယ် နင်လည်းမူးအောင်သောက်မနေနဲ့ဦး"

"အေးပါ ငါစိတ်ချမယ်နော်"

"အင်း သွား"

"ကိုယ်ဒီမှာလာထိုင်မယ်နော်"

ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေကာ ပျော်ရွှင်စွာအရက်သောက်နေတဲ့staffတွေကိုကြည့်နေတုန်း စကားသံကြားလို့ မော့ကြည့်မိလိုက်တော့ သူ.....

"ဟိုဘက်ဝိုင်းမှာ မထိုင်ဘူးလား"

"မထိုင်ချင်ဘူး ဟိုဘက်က နားငြီးတယ် ဒီဘက်ကနားအေးတယ် လူလည်းမရှုပ်ဘူး"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now