အပိုင်း (၃၀)

6.3K 195 11
                                    

"ကျစ်!..."

အလုပ်သွားဖို့ အခန်းထဲက ထွက်လာလာချင်း မဟူရာ ကျစ်ခနဲစုပ်သတ်လိုက်ရတာက အခန်းတံခါးဘေးရဲ့ နံရံဘက်မှာ ဆောင့်ကြောင့်ထိုင်နေကာ ဒူးခေါင်းပေါ်လက်တင်ထားတဲ့ မင်းတံတိုင်းကို မြင်တွေ့လိုက်ခြင်းကြောင့်ဖြစ်သည်...မနေ့ကဝတ်ထားတဲ့အင်္ကျီဖြစ်တဲ့ လက်ဇကာအဖြူရောင်အင်္ကျီနဲ့ အိမ်နေရင်းဘောင်းဘီအရှည်အမဲရောင်ကိုကြည့်ပြီး သိလိုက်တာက သူ မနေ့က အိမ်မပြန်ဘဲ တညလုံး သံမန်တလင်းပေါ်မှာ ဒီတိုင်းထိုင်နေခဲ့တာကိုပင်....။ မဟူရာတံခါးဖွင့်သံကြားတော့ ထလိုက်တာက ဆတ်ခနဲ....မဟူရာ အခန်းတံခါးပိတ်နေတဲ့အထိ ဘေးနားမှာ လက်နှစ်ဖက်ကို ရှေ့ပို့ထားပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ပုံက မိဘကစိတ်ဆိုးနေလို့ သူ့အပြစ်သူသိကာ လာချော့တဲ့ခလေးတယောက်ပုံစံလိုနှင့်ဖြစ်သည်....။ အဲ့လိုမျိုးပုံစံဖြစ်နေတာတောင်မှပဲ လိမ်တာကိုအရမ်းမုန်းတတ်တဲ့မဟူရာက ကျေအေးပေးဖို့စိတ်ကူးမရှိဘဲ အခန်းကိုသော့ပိတ်ပြီး ထွက်သွားလိုက်တာက နောက်ကိုတချက်လေးတောင် ပြန်လှည့်မကြည့်ဖြစ်ခဲ့ပေ.....

သော့ကိုပိတ်ပြီး တချက်ကလေးတောင် သူ့ကိုပြန်လှည့်မကြည့်ဘဲ ထွက်သွားတဲ့သူမလေးကိုကြည့်ရင်း တံတိုင်းတွေးလိုက်မိတာက...

"သူမလေး စိတ်ဆိုးပြေအောင် သူဒီတသက် လုပ်လို့ရပါတော့မလား"...ဆိုတာပင်။
~~~~~~
"ဟဲ့...ဟဲ့...ဟိုမှာ လာနေပြီ..."

မဟူရာ ကုမ္ပဏီထဲဝင်တာနဲ့ လူအစုအဖွဲ့တွေ့နဲ့ အုံဖွဲ့ပြီး သူတို့အုပ်စုကိုယ်စီနဲ့ အတင်းတုပ်နေကြစဉ် မဟူရာဝင်လာတော့မှ မေးငေါ့ပြ....နား နားကပ်ပြီး ပွစိပွစိပြောကာ အတင်းတုပ်မှန်းသိသာနေအောင် တမင်သက်သက်လုပ်ပြနေတာဖြစ်သည်....

"အဲ့ဒါကြောင့် ငါပြောသားပဲ...သူ ရာထူးဒီလောက် မြန်မြန်တက်နေတာ မရိုးသားဘူးလို့ ပြောခဲ့သားပဲ...လတ်စသတ်တော့ နောက်မှာ စပွန်ဆာအကြီးကြီးကို မိထားတာကို...ဟွန့်...အဲ့ဒါများ မျက်နှာကိုက ဇောင်းကိုချီပြီး မော်ကြွားနေလိုက်တာ...အရှက်ကိုမရှိဘူး..."

"ဟဲ့...ဒါနဲ့ ဥက္ကဌမင်းတံတိုင်းလည်း မတွေ့ဘူးနော်...မလာတော့တာလားမသိဘူး..."

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now