အပိုင်း (၄၂) ဇာတ်သိမ်းပိုင်း

12.1K 208 44
                                    

"ပင်ပန်းနေပြီလား ရာရာ"

မဟူရာ့မျက်နှာကိုဖွဖွလေးအုပ်ကိုင်ရင်း မေးလာတဲ့ တိုင်းက နက်ခ်တိုင်မပါတဲ့ suitအပြည့်စုံလေးနဲ့ဖြစ်ကာ ၁၈၉cmရှိတဲ့အရပ်နဲ့ ရှင်းသန့်ခန့်ညားေချာေမာနေဆဲဖြစ်သည်။

"မပင်ပန်းပါဘူး မဟူရာလုပ်ချင်တာကို တိုင်းကလုပ်ပေးထားတာပဲကို ဒီလောက်ကမပြောပလောက်ပါဘူး"

မျက်နှာလေးကအနည်းငယ်ပင်ပန်းနေပုံပေါ်ပေမဲ့ ပျော်ရွှင်ပါတယ်ဆိုတဲ့သူမစကားနဲ့ထပ်တူ သူမမျက်ဝန်းမှာ အကုန်အတိုင်းသားထင်ဟပ်နေသည်။ weddingနေရာကို ဘယ်နေရာမှာဆောင်ချင်လဲ မေးလာတော့ သူမက အေးချမ်းစိမ်းမြနေတဲ့မြက်ခင်းပြင်ကြီးပေါ်မှာ လက်ထပ်ချင်ပါတယ်လို့ပြောလာတာကြောင့် သူမရောက်ဖူးချင်တယ်လို့ပြောခဲ့တဲ့ ဆွဇ်ဇလန်ကို တံတိုင်း စဉ်းစားမိကာ အမေရိကန်ဘက်မှာအဝလည်ပြီးတော့မှ ဒီဘက်ကိုလေယာဉ်နဲ့ရောက်လာတာဖြစ်သည်။ ထို့နောက် pre-weddingဓာတ်ပုံကို Alpsတောင်တန်းကို နောက်ခံထားရင်း အမှတ်တရအဖြစ်နဲ့ ရိုက်ယူထားချင်တဲ့ တံတိုင်းရဲ့ဆန္ဒကို သူမလေးက မငြီးမငြူဘဲနဲ့ ရိုက်ပေးေနတာဖြစ်သည်။

"အင်းးးးနောက်ဆုံးတော့ ပြီးသွားပြီ"

အကြောဆန့်နေရင်း ပြောလာတဲ့သူမလေးက ဆွဇ်ရာသီဥတုနဲ့ကိုက်ညီစွာ သိုးမွှေးအင်္ကျီခါးတိုလက်ရှည်လေးကို ဂျင်းဘောင်းဘီအရှည်နဲ့တွဲဝတ်ထားကာ အပေါ်ကနေအညိုနုရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပုံလေးက တကယ့်ကိုချစ်ဖို့ကောင်းလွန်းနေသည်။ သူမအကြောဆန့်လိုက်လို့ ပေါ်သွားတဲ့ဗိုက်သားလှလှလေးကိုလည်း သူများမြင်သွားမှာစိုးတာမို့ တံတိုင်းမှာ ခန္ဓာကိုယ်ကြီးနဲ့အမြန်လိုက်ကာရသေးသည်။ တံတိုင်းကိုယ်တိုင်ကလည်း သူမကိုဒီလိုမျိုးတွေမဝတ်ရဘူးလို့မတားရခြင်းက တံတိုင်းနဲ့ချစ်သူတွေဖြစ်လာတော့မှ ချုပ်ချယ်တယ်ဆိုပြီးသူမစိတ်ကွက်သွားမှာစိုးတာရယ်၊ သူမအပေါ်ယုံကြည်ထားတဲ့တံတိုင်းစိတ်ကြောင့်လည်း ပါလိမ့်မည်။

"ကိုယ့်ရာရာလေး အေးနေသေးလား"

ဆိုကာ မဟူရာ့ပါးနဲ့သူ့ပါးနဲ့ ထိကပ်ပြီးပြောလာတာကြောင့် ဆိုင်မှာ hot chocolateမှာဖို့လုပ်နေရင်း မဟူရာရော ဆိုင်ကကောင်မလေးပါကြောင်အသွားရသည်။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now