အပိုင်း (၂၀)

7.7K 189 5
                                    

"မဟူရာ ဆေးပါ့မယ်ဆို"

"ရတယ် ကိုယ်ဆေးလိုက္မယ် ရာရာ ဟိုနားမှာသွားထိုင်နေလေ ခြေထောက် ထောက်ပါများရင် ရာရာနာနေလိမ့်မယ်"

သူမလေးမျက်နှာသစ်ပြီးလို့ ထမင်းစားပြီးသွားတော့ သူမပန်းကန်ဆေးမယ်ဆိုတာကို မဆေးခိုင်းလို့ စိတ်ကောက်နေတဲ့သူ့ရဲ့ခလေးလေး......မျက်နှာဆူပုပ်စွာ ဧည့်ခန်းမှာသွားမထိုင်ဘဲ သူ့ဘေးနားမှာရပ်နေတဲ့သူမလေးကိုကြည့်ပြီး တံတိုင်းပြုံးရယ်နေမိသည်။

"ပန်းကန်ဆေးပေးမယ်လို့"

ခါးနားကသူ့အင်္ကျီစကိုဆွဲကာ သူ့ကိုချော့ပြီးပြောနေတဲ့သူမလေး.....

"မဆေးရပါဘူး ခြေထောက္မှာ ဒဏ်ရာရနေတာကို ကိုယ်ဘယ်လိုလုပ်ဆေးခိုင်းရမှာလဲကွာ"

"ဒီခြေထောက်ပဲ ပြောနေတယ် အနာကဖြင့်သေးသေးလေးကို ဒီမှာကြည့် ခြေထောက် ထောက်လို့ရလွန်းလို့ ကျွမ်းပါထိုးပြလို့ရတယ် ထိုးပြရမလား"

"အဟွန်း....အဲ့‌လိုကျွမ်းထိုးပြစရာလောက်ထိတော့ မလိုပါဘူး ရာရာရဲ့ ခုချိန်မှမဟုတ်ဘူး ခြေထောက်သက်သာသွားရင်လည်း ရာရာ့ကို ပန်းကန်မဆေးခိုင်းဘူး ကိုယ်ရာရာ့ကို ဒီလိုအလုပ်မျိုးတွေ မလုပ်ခိုင်းဘူး ရာရာ့ကိုပင်ပန်းစေတဲ့အရာတွေ တခုမှမလုပ်ခိုင်းဘူး ခုကစပြီး ကိုယ်ပဲပန်းကန်ဆေးပေးမယ် ဟုတ်ပြီလား"

"ဒါဆို မဟူရာက ဘာလုပ်ရမှာလဲ....အမယ်လေး!!"

သူ့ဘေးနားမှာရပ်နေတဲ့ မဟူရာ့ကို စွေ့ခနဲပွေ့ချီလိုက်ပြီး မီးဖိုချောင်အုတ်ဘောင်ပေါ် တင်လိုက်တာကြောင့် မဟူရာလန့်ပြီး အော်မိသွားရသည်။ သူမကိုထိုနေရာပေါ်မှာ တင်ပြီးထိုင်ခိုင်းရုံနဲ့မပြီးသေးဘဲ မဟူရာ့ခန္ဓာကိုယ်တဖက်တချက်စီမှာ လက်ထောက်ကာ ခါးကိုရှေ့ကိုင်းပြီး မျက်နှာချင်းဆိုင်ထားတဲ့သူ့ကြောင့် သူ့အသက်ရှူသံတင်မက သူအသက်ရှူထုတ်လိုက်တိုင်း လေငွေ့နွေးနွေးလေးတွေက မဟူရာ့မျက်နှာနှင့် လည်ပင်းကိုရိုက်ခတ်နေလေသည်။ သူ့ပုခုံးနှစ်ဘက္မှာတော့ မဟူရာလက်တဖက်စီ တင်ထားမိတာက ခုနသူချီလိုက်ပြီး ဒီပေါ်တင်လိုက်တည်းကအတိုင်းပင်ဖြစ်သည်......

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now