အပိုင်း (၂၃)

7K 177 3
                                    

"ဒီနေ့Interior design အဖွဲ့ခေါင်းဆောင် မဟူရာရဲ့လက်ရာကို လေလံတင်မယ်လို့ ကြားထားပါတယ် ဥက္ကဌ"

နောက်ကနေ ပြောလိုက်တဲ့ အတွင်းရေးမှူး ထွဋ်တင်....

"အင်း....ငါလည်း မဟူရာ့လက်ရာကို လိုချင်လို့ပဲ ဒီကုမ္ပဏီကို လာရတာ....မဟုတ်ရင် ဒီလိုနေရာကို ခြေတောင်မချချင်ဘူး...."

ဝတ်ထားတဲ့ နက်ပြာရောင် အနောက်တိုင်းဝတ်စုံsuitအပြည့်ကိုမှ ရင်ဘတ်နဲ့ လက္မောင်းနေရာကို ရွံရှာသလို ခါလိုက်ရင်း ပြောလိုက်တဲ့ စစ်သည်တော်....

ကုမ္ပဏီထဲကို မျက်လုံးဝေ့ကြည့်လိုက်ရင်း တနေရာအရောက္မှာ

"ဟိုမှာ...မဟူရာပဲ..."

အခန်းတခုထဲကနေ ထွက်လာပြီး မျက်နှာလေးရဲနေတဲ့ သူမကို မြင် မြင်လိုက်ချင်း စစ်သည်တော်အနားသွားဖို့ ခြေလှမ်းပြင်လိုက်တယ်ဆိုရင်ပဲ သူမနောက်ကနေ လိုက်ထွက်လာတဲ့ မင်းတံတိုင်းကို မြင်လိုက်တာကြောင့် ခြေလှမ်းတွေက မူရင်းနေရာမှာတင် တုံ့ခနဲ...

"ဘယ်လိုဖြစ်နေတာလဲ....လူတွေမြင်ကုန်မယ်လေ...."

"မမြင်ပါဘူး...ဘယ်သူ့မှာမှ မရှိတာ...ရာရာကလည်း..."

"မရဘူးဆို မရဘူးပဲ...."

မဟူရာ့လက်ကို အတင်းလိုက်ကိုင်နေတဲ့ မင်းတံတိုင်းလက်ကို ခါချပြီး ငြင်းလွှတ်နေပေမဲ့လည်း ပြုံးရွှင်တဲ့မျက်နှာနှင့် ပြောနေကာ သူတယောက်လုံး အနောက္မှာ
ရပ်နေတာကိုပင် သတိထားမိပုံမရတဲ့မဟူရာ....

စစ်သည်တော် အခြေနေကို သဘောပေါက်လိုက္မိကာ....

"သူတို့နှစ်ယောက်က ရည်းစားတွေတောင် ဖြစ်နေပြီပေါ့..."

အသံခပ်ကြိတ်ကြိတ်နဲ့ ပြောလာတဲ့စစ်သည်တော်.... အံကြိတ်ထားရင်း ပြောတာကြောင့် မေးရိုးကြောများနှင့် လည်ပင်းကြောတလျှောက် ထောင်ထနေကာ မျက်နှာကြီးနီမြန်းနေပြီး လက်သီးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက္မိတဲ့အထိပင်....။
~~~~~~
"ဒီတခေါက် လေလံခေါ်မဲ့ အိမ်ကတော့ ရှေ့ကလေလံခေါ်ခဲ့တဲ့အိမ်တွေကွန်ဒိုတွေထက် ဈေးအကြီးဆုံးအိမ်ဖြစ်ပါတယ်ခဗျ....အတွင်းပိုင်းdecorationကိုတော့ ကျွန်တော်တို့ရဲ့ အတော်ဆုံးinterior designerဖြစ်တဲ့ မဟူရာမှ ဒီဇိုင်းဖန်တီးပေးထားပါတယ်ခဗျ....projectorမှာ လူကြီးမင်းတို့မြင်ရတဲ့အတိုင်း ၃ထပ်တိုက်ဖြစ်တဲ့ ဒီအိမ်မှာ basementမှာ classicဆန်ဆန်ဒီဇိုင်းဖော်ပေးထားပြီး theaterကိုပါ အိမ်မှာကြည့်လို့ရအောင် ဒီဇိုင်းထည့်ဆွဲပေးထားပါတယ်ခဗျ...၃ထပ်လုံးမှာ အမြင်အေးရအောင်လို့လည်း သစ်ပင်တွေထည့်စိုက်ထားပြီး အမြင်မရှုပ်ရအောင်လို့လည်း ဒီဇိုင်းဖန်တီးထားတာပါခဗျ....................။..........ဟုတ်ကဲ့ ခုစခေါ်မဲ့ဈေးကတော့ $1.25millionနဲ့ စခေါ်ပါ့မယ်ဗျ....."

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now