"အင်း........."
အကြောဆန့်ပြီး အိပ်ရာပေါ်မှ ထလာတဲ့ မဟူရာ။ ခေါင်းကိုက်လို့ နားထင်ကို လက်ညှိုးနဲ့ဖိကာ အခန်းထဲမှ ထွက်ခဲ့တော့သည်.....ဒါတောင် မျက်လုံးကမပွင့်သေး....အလွတ်ရနေပြီဖြစ်တဲ့ ကိုယ့်အိမ်ကို မျက်လုံးကြီးပိတ်ကာ လျှောက်သွားနေတာဖြစ်သည်
"ရေဆာလိုက်တာ"
"နိုးပြီလား မဟူရာ"
"ဟင်!"
မပွင့်တဲ့မျက်လုံးက ခုမှဖတ်ခနဲပွင့်လာပြီး ကြည့်လိုက်တော့မှ အေပရွန်ဝတ်စုံဝတ်ထားပြီး စားပွဲပေါ်မှာ ဟင်းပွဲတွေပြင်ဆင်ကာချနေတဲ့ မင်းတံတိုင်း........
"ရှင်ကဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ"
"မဟူရာ မနေ့ကအကြောင်းကို မမှတ်မိတော့ဘူးလား"
သူပြောတော့မှ မဟူရာ့ခေါင်းထဲပေါ်လာတဲ့ မှတ်ဉာဏ်များ.......
"ကျွန်မကိုသိလို့လား"၊"မင်းတံတိုင်းရော မင်းအုတ်နံရံရော တယောက်မှမသိဘူး......ဘာတွေလာပြောနေတာလဲ ဒီမှာလူကမူးနေပါတယ်ဆိုမှ"
"ကျွန်မကအဲ့လိုအမျိုးအစားမဟုတ်ဘူးနော် ကျွန်မကလိမ္မာယဉ်ကျေးတဲ့အမျိုးကောင်းသမီးလေး"
"ဟုတ်လို့လား ဒါဆိုကျိန်ပြ လိမ်ရင်တသက်လုံးလူပျိုကြီးဖြစ်"
"ရေသောက်မယ်"
"ရေခဲမုန့်စားမယ် ချောကလက်အရသာစားမယ်"
"ပူတယ် အိုက်လာပြီ"
"ပန်ကာဖွင့်ပေး"
"အအေးသောက်မယ်"
"ဒါကြီးမကြိုက်ဘူး အခြားဟာယူပေး"
"ဗိုက်ဆာလာပြီ"
မနေ့ကပုံရိပ်တွေဟာ မျက်လုံးထဲမှာထင်းခနဲ ထင်းခနဲ......
ခေါင်းလေးမော့ကာ စဉ်းစားနေတဲ့သူမလေးကို တံတိုင်းပြုံးရယ်လိုက်မိသည်။ ညက သူမအင်္ကျီတွေချွေးစို့နေလို့ သူကိုယ်တိုင် လဲပေးထားတဲ့ ကာတွန်းအင်္ကျီဂါဝန်လေးကို ဝတ်ထားပြီး ရွှေအိုရောင်ဆံပင်တွေ အနည်းငယ်ရှုပ်ပွနေတဲ့သူမ.... ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ သူမသာအလှဆုံးပင်။ မနက်ခင်းတိုင်းမှာ သူမနဲ့အတူ ဒီလိုသာနိုးထရရင် ဘယ်လောက်ကောင်းမလဲ........?
YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...