အပိုင်း (၂၂)

6.5K 155 2
                                    

"လှလိုက်တာ..."

ပင်လယ်ပြာပြာရောင်ကျောက်ကို အောက်ခြေအဖြစ်ထား ထားပြီး ထိုအပေါ်မှာရှိတဲ့ နံပါတ်တွေကိုတော့ ရောမဂဏာန်းနဲ့ပုံဖော်ထားပြီး နက်မှောင်နေတဲ့မဟူရာရောင် ကျောက်မဲလေးတွေနဲ့ ပုံဖော်ထားပြီး ကပ်ထားကာ ဈေးကြီးတယ်လို့ထင်ရတဲ့ နာရီလက်ပတ်ကြိုးအမဲရောင်နဲ့ဆိုတော့ တန်ဆာဆင်ထားတဲ့ပစ္စည်းတွေနှင့် ပဏာသင့်စွာ လိုက်ဖက်လှပလွန်းနေသည်....။ ထိုအချိန်မဟူရာ တွေးလိုက္မိတာက ဆွဇ်ဇာလန်က နာရီတွေမှာ နာမည်ကြီးတယ်ဆိုတဲ့သတင်းက တကယ်အမှန်ပဲလို့လေ....။

"ကိုယ့်လက်ဆောင်ကို ကြိုက်ရဲ့လား"

"အင်း...အရမ်းကြိုက်တယ်..."

တံတိုင်းပေါင်ပေါ်မှာ တင်ထားတဲ့သူမလေးက တံတိုင်း ဆွဇ်ကနေ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး လုပ်ခိုင်းထားတဲ့ လက်ပတ်နာရီလေးကို ပတ်ထားကာ ကိုင်ကြည့်ရင်း ပြုံးရယ်ကာ သူ့ဘက်ကိုလှည့်လာပြီး ပြောနေခြင်းဖြစ်သည်....။

"ဒါနဲ့ဘာလို့ အောက်ခံအရောင်က ဘာလို့ပင်လယ်ပြာပြာအရောင်လေး ဖြစ်နေတာလဲ....ပုံမှန်ဆို အဖြူထားကြတာမဟုတ်ဘူးလား...."

"မဟူရာမို့လို့လေ"

"ဟင်!! ဘာကိုလဲ?"

သူပြောတဲ့စကားကို နားမလည်စွာနှင့် မေးလိုက်တော့

"ရာရာ့နာမည်လေ...မဟူရာမို့လို့ ရာရာ့ကိုဖော်ကျူးတဲ့အနေနဲ့ မဟူရာကျောက်ပင်လယ်ပြာရောင်ကိုသုံးထားတာ...နံပါတ်တွေကတော့ မဟူရာကျောက်အမဲနဲ့ သုံးထားတာ...."

ကမ္ဘာမှာ မဟူရာကျောက်အမဲက ရှားပါးတဲ့ကျောက်ထဲမှာပါပေမဲ့ တွင်းထွက်ပစ္စည်းတွေစုံလှတဲ့မြန်မာနိုင်ငံမှာတော့ ပေါသီစွာရနေလေသည်။ တံတိုင်းက မြန်မာနိုင်ငံကနေ မှာပြီး ဆွဇ်ကိုပို့ကာဒီဇိုင်းမှာလိုက်တာကြောင့် အဆင်ပြေသွားခဲ့တာ....

"ပြီးတော့ ဒီမှာကြည့်...."

သူထောင်ပြတဲ့ ဘယ်ဘက်လက်ကို ကြည့်လိုက်တော့ မဟူရာနဲ့ဆင်တူပုံစံနာရီလေး....ဆင်တူလို့ဆိုရပေမဲ့ တိုင်းရဲ့နာရီအောက်ခံအရောင်က နက္မှောင်နေတဲ့အမဲရောင်ဖြစ်ပြီး ထိုအပေါ်ကနံပါတ်တွေက ကြည့်လိုက်တာနှင့်တန်ဖိုးကြီးတယ်လို့ထင်ရလောက်အောင် တပ်ထားတဲ့စိန်တွေက တဖျပ်ဖျပ်လက်နေပုံက ကြည့်လိုက်သူတောင်မျက်စိကျိန်းလောက်တဲ့အထိပင် ဖြစ်နေပြီး နာရီကြိုးကတော့ အမဲရောင်ပဲဖြစ်သည်....။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now