အပိုင်း (၃၈)

6.5K 166 9
                                    

"ဒုန်း!!...ဂလောက်...ဂလောက်...ဒေါက်!!"

နေ့လည်တည်းက ထမင်းမစားရသေးတာမို့ လူတကိုယ်လုံးမှာ အားမရှိဘဲ ပန်းကန်လှမ်းယူလိုက်တော့ ထိုစတီးပန်းကန်က မြေပြင်ပေါ်ကို လှိမ့်ပြီးပြုတ်ကျလေသည်။ ထိုသို့ပြုတ်ကျသွားတာနဲ့တပြိုင်နက် မဟူရာ့ဘေးနားမှာရှိနေတဲ့ အဘွားဆိုသူက ခေါင်းကိုရုတ်တရက်ခေါက်ချလိုက်တာက ဒေါက်ခနဲမို့ ခေါင်းလေးကိုအုပ်ကိုင်ပြီးကြောင်လျက်သားနှင့် လူမှာမူးဝေသွားရသည်။ ခေါက်ရုံတင်မကဘဲ ပါးစပ်ကပါပြောလာတာက

"အသံထွက်လို့ မရပါဘူးဆိုမှ ဒီဂြိုလ်ဆိုးမကတော့ အကုန်လုံးကိုသေစေချင်နေလို့လား"

၁တန်းအရွယ်ပဲရှိသေးတဲ့ခလေးကို စကားရင့်ရင့်တွေပြောနေပြီး နေ့တိုင်းလည်း ခေါင်းခေါက်နေကျပေမဲ့ ဒါကိုမယဉ်သေးတဲ့ခလေးမလေးမဟူရာ့အတွက်တော့ ထမင်းစားနေရင်းနဲ့ ငိုချင်တာတောင်အသံကျယ်ကျယ်နဲ့မငိုရဲဘဲ ကျလုဆဲဆဲမျက်ရည်‌ေတွကို မျက်ဝန်းအိမ်ထဲမှာသိမ်းထားရတာကြောင့် မြင်နေရသမျှဟာဝါးတားတားဖြစ်နေလျက် နှာရည်တရှုံ့ရှုံ့ကျကာ စားရပါသေးသည်။ သို့ပေမဲ့ ကမ္ဘာလောကကြီးက နောက်ဖေးမီးဖိုချောင်လေးထဲမှာ ကုပ်ကုပ်လေးထိုင်စားနေတဲ့မျက်ရည်တွေနဲ့ဒီခလေးမလေးကို ဒဏ်ရာတွေပေးရုံတင်မလုံလောက်သေးဘဲ ကြောက်စရာတွေကိုပါ လက်ဆောင်အဖြစ်ပေးတတ်ပါသေးသည်။

"ငါ×ီးပဲ $သံတွေတိုးတိုးနေလို့ ပြောထားတာတောင် $သိဉာဏ်မရှိဘူးလား ငါ×ိုးမသားတွေ"

ဒေါ်တင်လှထမင်းခူးပြီးအဖံုးအုပ်လိုက်တဲ့ပေါင်းအိုးအဖုံးဟာ အမှတ်မထင်ဘဲ အသံကျယ်သွားလေတော့ အရှေ့ဧည့်ခန်းမှာ အရက်မူးမူးနဲ့ အိပ်နေတဲ့ငမူးကောင်ကထလာကာ မီးဖိုခန်းထဲထိဝင်လာပြီး ပြောလိုက်တာဖြစ်သည်။ တနည်းအားဖြင့် ပြောရရင် ထိုလူဟာ ခလေးမလေးမဟူရာကိုခေါင်းခေါက်လိုက်တဲ့အဘွားကြီးေဒါ်တင်လှရဲ့သား ဆိုးပေငမူးကောင်ဖြစ်လေသည်။

မီးဖိုထဲဝင်လာရင် ဘာလုပ်တော့မယ်ဆိုတာသိနှင့်နေတဲ့ မဟူရာလေးဟာ ထမင်းေတာင်မလျော့ေသးတဲ့စားလက်စထမင်းပန်းကန်ကိုချထားပြီး ထိုသူအလစ်ကိုစောင့်နေရလေသည်။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now