"ရော့...ဒီမှာ ရေသောက်လိုက်ဦး..."
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သရဖီ့ကို ရေခွက်ပေးလိုက်တော့ အများကြီးငိုထားလို့ထင်ပါရဲ့....တကျိုက်တည်းမော့သောက်လိုက်ပြီး ခွက်ကိုစားပွဲပေါ်ပြန်ချလိုက်သည်...ထိုအချိန်အထိ မဟူရာနဲ့ မျက်လုံးချင်းမဆုံခဲ့...ဒါတောင် အရှိန်မသတ်နိုင်သေးဘဲ နှာခေါင်းကတရှုံ့ရှုံ့နဲ့ ဖြစ်နေလေသည်...ရေသောက်လို့စိုသွားတဲ့ပါးစပ်ကို လက်ဖမိုးနဲ့ တို့ထိသုတ်လိုက်ပြီးမှ မဟူရာ့ဆီ အကြည့်ရောက်လာတာကြောင့်
"ကဲ...ခု ပြောလို့ရပြီလား...ဘာလို့ အမြဲရယ်နေတဲ့သူက ဒီလောက်ငိုနေရတာလဲဆိုတာ...."
"ငါ...ငါ..."
လက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီး ပြောဖို့ခက်ခဲနေတဲ့သူမကို
"ပြောပြရခက်နေတာကို ငါအတင်းမမေးပါဘူး...နင်မပြောချင်လည်း ရတယ်...နင် ခု ဘာစားချင်လဲ...ဒီမှာမနက်စာ စားသွားလိုက်လေ...ဟိုတယ်ဝန်ထမ်းဆီကို ဖုန်းဆက်ပြီးမှာလိုက္မယ်..."
လို့ ပြောရင်း ဖုန်းဆက်ဖို့အတွက် မဟူရာထလိုက်တော့ မဟူရာလက်ကိုကိုင်ဆွဲကာ မော့ကြည့်ပြီး
"ငါ...မနေ့ညက ဒါရိုက်တာချုပ်နဲ့ အိပ်မိသွားတယ်..."
မျက်ရည်တွေဝေ့ပြီး ပြောလာတဲ့သူမစကားကြောင့် မဟူရာအံ့ဩရခြင်းနဲ့အတူ ဆိုဖာပေါ်ကို ဘုတ်ခနဲ ထိုင်ချမိသွားသည်...
"ဘယ်လိုဖြစ်ပြီး အိပ်မိသွားတာလဲ..."
"အဲ့ဒါက........."
~~~~
မနေ့ညက<<<"သရဖီ...သရဖီ..."
အရက်အများကြီးသောက်လို့ စားပွဲပေါ်မှောက်အိပ်နေတဲ့ သူမကို အခန်းထဲပြန်ဖို့အတွက် ကောင်းမြတ် နှိုးလိုက်ခြင်းပင်...အခြားသူများလည်း အကုန်မူးပြီး အခန်းထဲထပြန်ကြသလို မင်းတံတိုင်းကလည်း မဟူရာ့ကို လိုက်ပို့နေပြီဖြစ်တာမို့ ကောင်းမြတ်နောက်တခေါက် ထပ်ခေါ်နှိုးလိုက်တော့
"ဟင်းး...ဘာ..လဲ..ဒီမှာ..သူများ...အိပ်နေတာကို..."
ဆိုကာ ကောင်းမြတ်လက်ကို ပိတ်ချလိုက်တဲ့ သူမ...
YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...