Ep : 1

4.3K 209 63
                                    

Unicode

"အချစ်" တဲ့ ရိုးရှင်းပြီး သိပ်ကိုနားဝင်ပီယံရှိလှသည့် အခေါ်အဝေါ်လေးတစ်ခု။သို့ပေမယ့် နက်နဲသည့် အဓိပ္ပါယ်များစွာကို ဖော်ဆောင်သည်။တစ်ခါတစ်ရံမှာ အချစ်ကြောင့်ကြည်နူးရသလို၊တစ်ခါတစ်ရံမှာ အချစ်ကြောင့်ပဲနာကျင်ရသည်မဟုတ်ပါလား။

မချစ်သင့်တဲ့သူနှစ်ယောက် အထူးသဖြင့် ချစ်လို့မရသည့်သူနှစ်ယောက်ဟာ ကြီးမားလှတဲ့မေတ္တာကိုမလွန်ဆန်နိုင်တဲ့အခါ ချစ်ကြိုးသွယ်ခဲ့မိကြသည်။နာကျင်ရမှန်းသိရဲ့နဲ့ မပေါင်းဖက်နိုင်မှန်းသိရဲ့နဲ့ကိုရူးရူးမိုက်မိုက်ရှေ့ဆက်တိုးခဲ့ကြသည်။

ဤမျှ‌ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးက စည်းမျဉ်းဆိုတဲ့ ကန့်သတ်ချက်ကြောင့် ပျက်စီးခဲ့ကြသည်။

'မီးကိုတိုးတဲ့ ပိုးဖလံ' ဆိုတဲ့အတိုင်းပဲ လောင်ကျွမ်းပြာကျသွားမှာကိုမမှု မီးထဲဇွတ်တိုးဝင်ခဲ့ကြတဲ့ သူနှစ်ယောက်ရဲ့ ဇာတ်သိမ်းဟာ လှပနိုင်မည်မဟုတ်ပါလေ။
.
.
.
ဘုံအဆင့်ဆင့်ဖြင့်တည်ဆောက်ထားသည့် ဗိမ္မာန်ကြီးတစ်ခု၊တိုင်လုံးတွေပေါ် လက်ရာမြောက်ရွှေကနုတ်တို့ဖြင့် အသေးစိတ်ပုံဖော်ထားကာ ကြွရွနေပြီး ဟောခန်းကျယ်ကြီးတစ်ခုလုံးသည်လည်း တဖိန့်ဖိန့်နဲ့ရွှေရောင်ဝင်းနေသည်။အင်မတန်ကြီးမားလှသည့် ဝင်ပေါက်တံခါးကြီးမှ စလို့လျှောက်လမ်းတစ်လျှောက် ကော်ဇောနီနီကြီးက ခမ်းနားနေသည်။လျှောက်လမ်းအဆုံးတွင် အနီရောင်ပတ္တမြားပုလ္လင်ကြီးတစ်ခုရှိသည်။ထိုပလ္လင်ကြီးရဲ့ တစ်ဖက်ဆီတွင် နောက်ထပ်ပလ္လင်နှစ်ခုဆီရှိနေသည်။

ပတ္တမြားပလ္လင်ကြီးထက် ခန့်ညားတည်ကြည်စွာ စံမြန်းနေသူသည် နတ်ဘုရားတို့ရဲ့ဘုရင်ဖြစ်သည့် မရဏနတ်ဘုရားဟေးဒီးစ်ပင်။

ထို့နောက် ညာဘက်ရှိ ရွှေပလ္လင်တွင်တော့ ရေနတ်ဘုရား ကင်မ်ဆာပီရန် နှင့် လေနတ်ဘုရား ဘိုရီယာ။

ဘယ်ဘက်ရှိ ငွေပလ္လင်တွင်တော့ မြေနတ်ဘုရားမ ဂါယာ နှင့် မီးနတ်ဘုရားဗိုကန်။

ထိုနတ်ဘုရားများသည် ကောင်းကင်ဘုံတစ်ခုလုံးသာမက စက်ြာဝဠာကြီးတစ်ခုလုံးတွင် အင်အားအကြီးဆုံးသောသူများဖြစ်ကြသည်။

The KIMWhere stories live. Discover now