Ep : 3

1.2K 156 149
                                    

Unicode

ကားပေါ်မှာလည်း စကားတစ်ခွန်းဆို တစ်ခွန်းမှမပြောဘဲ အိမ်တော်ရောက်တော့ အခန်းထဲတန်းဝင်သွားသည့်သားငယ်မျက်နှာလေးက ညှိုးနွမ်းနေသည်မို့ သူမ စိတ်မကောင်းသလို တစ်
ပြိုင်တည်းဆို ဟိုသားအမိကိုလည်း ဒေါသဖြစ်မိသည်။

သားငယ်ကို ထိတဲ့သူမှန်သမျှ လုံးဝလွှတ်‌မပေးဘူး..!

ခိုင်မာသည့်ဆုံးဖြတ်ချက်နဲ့အတူ လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်လို့ တစ်စုံတစ်ယောက်ဆီ messageပို့လိုက်သည်။ပြီးတာနဲ့ သားငယ်နောက်သို့သာ လိုက်လာခဲ့လိုက်သည်။

ခုချိန် သားငယ်က သူမကိုလိုအပ်နေမှာလေ !

"‌မမေးတော့ဘူးလား မေမေ ~ "

"မေမေ့သားကို ယုံတာမို့ မေမေ့မှာ မေးစရာမေးခွန်းမရှိဘူး ~ ဒါမဲ့ သားက ပြောပြချင်တယ်ဆို မေမေက နားထောင်ပေးမယ် ~ "

အခန်းတံခါးကို မပိတ်ခဲ့တာမို့ ဂျောင်ကုနောက်မှ မေမေကလိုက်ဝင်လာကာ ကုတင်စွန်းဂျောင်ကုထိုင်တဲ့အနား ဝင်ထိုင်လိုက်သည်နှင် မေမေရင်ခွင်ထဲ ခေါင်းတိုးဝင်လို့ ခပ်တိုးတိုးဆိုမိသည်။ထိုအခါ မေမေက သူ့ဆံနွယ်လေးတွေကို ခပ်ဖွဖွပြန်ပွတ်ပေးရှာသည်။

ဂျောင်ကုနဲ့မေမေက သားအမိဆိုပေမယ့် သူငယ်ချင်းလိုမျိုး ပွင့်လင်းစွာ ဆက်ဆံတတ်သူတွေမို့ မေမေရဲ့အပြုအမူနဲ့တင် ဂျောင်ကုကို ဘာကိစ္စဖြစ်ဖြစ် ဝမ်းမနည်းဖို့ နှစ်သိမ့်နေဟန်။ဒါ့အပြင် ဘယ်အရာမဆို မေမေ့ကို တိုင်ပင်ရင်ဖွင့်လို့ရတယ်ဆိုတဲ့သဘော။ထို့ကြောင့် ဂျောင်ကု မေမေ့ခါးကို ကျစ်နေအောင်ဖက်လိုက်ရင်း...

"ယောင်းဟွာကပြောတယ် ~ ဖေဖေက သားတို့သားအမိကို ပစ်သွားတာတဲ့ ~ အင့် သား သားကိုမလိုချင်လို့တဲ့ ~ ဟင့် !"

" သားကရော သူပြောတာ ယုံလား ? "

"ဟင့်အင်း မယုံဘူး ~ ဒါ ဒါမဲ့ ဖေဖေက ခုထိပြန်မလာသေးဘူးလေ ~"

ဂျောင်ကု အသံလေးတွေတုန်ယင်လို့ မျက်ရည်များကပါ စီးကျလာသည်။မျက်တောင်ကော့ကော့လေးတွေက ဆက်ပြီးထိန်းမထားနိုင်တော့ဘူးထင်ပါရဲ့။
သန်မာချင်ယောင်ဆောင်ရတာ သိပ်ပင်ပန်းပါသည်!

The KIMWhere stories live. Discover now