Ep : 9

318 65 8
                                    

Unicode

အလင်းမီးပြပြအောင် တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေသည့်ကျောပြင်လေး။နှုတ်ခမ်းချွန်လေးတွေ လုံးနေအောင်လည်း တတွတ်တွတ်ရွတ်နေသည်မှာမပျက်။သက်ပြင်းတွေချလိုက် စားပွဲကိုထုလိုက်နဲ့ အတော်ကို မကျေမနပ်ဖြစ်နေဟန်ပါဘဲ။ပုံမှန်ဆို ဒီပေါက်စတို့ ဒီအချိန်ဆို အိပ်လိုက်တာမှ သိုးလို့။ဒီကလေးအိပ်မှ ကင်မ်လည်း အနားကတောထဲ တရားသွားထိုင်ဖြစ်တာ။အခု ဒီကလေးက မအိပ်တော့ ကင်မ်လည်း ဘာမှမလုပ်နိုင်။အခန်းထဲ လက်နောက်ပစ်ကာ လျှောက်နေရင်းမှ ကုတင်ကြီးစွန်းတွင် ထိုင်ချလိုက်ကာ...

"မအိပ်သေးဘူးလား?"

"စာလုပ်နေတာ မမြင်ဘူးလား ? မနှောင့်ယှက်နဲ့ သွားဗျာ !"

အသည်းအသန် ကြိုးစားနေပါတယ်ပေါ့။ဒါလေးမေးတာတောင် ကင့်မ်ကို လှည့်မကြည့်ဘဲ ဘုဆတ်ဆတ်လေးပြန်ဖြေသည်။ကင်မ် မသိမသာ ပြုံးလိုက်လျက်...

"ထူးဆန်းလို့ပါ ~ ကိုယ့်နဲ့စနေကတည်းက ပေါက်စက စာလုပ်တာမမြင်ဘူးလို့လေ ~ "

"ဟ ခုချိန်မှ စာမလုပ်ရင် ခွေးဖြစ်တော့မှဗျ !"

ဒါမျိုးကျ တတ်ပါသည်။ကျောင်းလိုက်သွားတာ ကျောင်းရဲ့ စာသင်ဆောင်မှာမရှိ အပြင်ဘဲလျှောက်သွားနေတာ။သူငယ်ချင်းက စာမေးပွဲဆိုမှ အခုကြိုးစားနေတာ။

"လူကြီး ~~~ "

"ဘာ ဘာလဲကွ ! "

ကင်မ့်ဘေးနား ချက်ချင်းရောက်ချလာကာ လက်မောင်းပေါ်မှီချလာသည်။လေသံအရတော့ ဘာတွေ ဂျီကျအုံးမလဲမသိ။တစ်ခုခု လိုချင်ပြီဆို အသံက ချက်ချင်းပြောင်းသွားသည်။တတ်နိုင်လိုက်တဲ့ ဟာလေး!

"လူကြီးက သာမန်မဟုတ်ဘဲ အရမ်းမိုက်တဲ့အစွမ်းတွေရှိတယ်လေ ~ အဲ့တာ ခုစာမေးပွဲမှာ ပါမဲ့အပုဒ်တွေကို ပြောပြပါလား ?"

"ဟ ဘယ်သိမလဲကွ ကိုယ့်အားကိုယ်ကိုး ဟုတ်ရဲ့လား~"

"ဟင့်အင်းး ~ စာက ဘယ်လောက်လုပ်လုပ် မရဘူးလို့ ~ လူကြီးကလည်း နော် ~ နော် ~"

"ဖယ်စမ်းပါကွာ ~ အနေကြပ်အောင် ~"

လူကြီးတစ်ယောက်လုံးရှိနေပြီး စာမေးပွဲကျရင် ဂျွန်ဂျောင်ကု လုပ်မနေတော့ဘူး။သို့ပေမယ့် လူကြီးက ပြောပြမယ့် အရိပ်ပင်မပြ။တကယ်နေနိုင်သည်။ဂျောင်ကုလက်ကို အတင်းဖယ်ချနေတော့ မရမက ပြန်ဖက်ထားလိုက်သည်။

The KIMWhere stories live. Discover now