Ep : 12

369 63 32
                                    

Unicode

မြေပြန့်ပြန့်ဖြစ်သည်မို့ လေနုအေးတို့ ဖြတ်သန်းသွားတိုင်း မြေသင်းနံ့သင်းသင်းက သစ်ရွက်စိမ်းနံ့တို့နဲ့အတူ ဝန်းကျင်အား ပါရမီဖြည့်သည်။ပတ်ပတ်လည်တွင် ဝါးရုံပင်တွေဟာ အစုလိုက်ဖြစ်ကာ အလယ်တွင်တော့ ကျောက်ဆောင်ကြီးက ဟီးနေသည်။လူတစ်ယောက်ရဲ့ ဒူးနားထိ မြင့်တဲ့ ထိုကျောက်ဆောင်ပေါ်တွင်တော့ ပကတိငြိမ်သက်နေသည့် လူသားတစ်ယောက်။

တင်ပလ္လင်ချိတ်ထိုင်ကာ လက်တစ်ဖက်ပေါ် တစ်ဖက်ထပ်ရင်း ဝင်လေထွက်လေရှုနေသည့်သူ။အနီးကပ်ကြည့်မည်ဆိုပါက ခါးလေးဟာ မသိမသာ ကိုင်းကျနေပြီး လှုပ်လီလှုပ်လဲ့ ဖြစ်နေတဲ့ မျက်တောင်လေးတွေကိုပါ မြင်ရလိမ့်မည်။ထိုမျှမက ခပ်စုစုလေးဖြစ်နေသည့် မျက်ခုံးတန်းတို့က အလိုမကျမှုတို့ပါ အထင်သားပေါ်နေသည်။သို့သော် ထိုအရာတွေကို ကျော်လွန်ပြီး မည်သည်မှတော့ မကြိုးစားပါချေ။

အကြောင်းကမူ ထိုကျောက်ဆောင်အား ပတ်ရင်း ခပ်မှန်မှန်ခြေလှမ်းတွေဖြင့် လျှောက်ကာ စောင့်ကြည့်နေသူကြောင့်သာ။အထူသဖြင့် ထိုသူလက်ထဲရှိ ကြိမ်လုံးပေါ့။

ချွှမ်း!

"ခါးကို မတ်ထား ! ကြောရိုးမရှိသလို မလုပ်စမ်းနဲ့ ! "

လူကိုမထိသော်လည်း ကြိမ် တရွှမ်းရွှမ်းနဲ့ မသိရင် ဂျောင်ကုက အတော်ဆိုးနေတဲ့ပုံဖြင့် လာလုပ်နေသည့် လူကြီးကြောင့် စိတ်ကမရှည်။သို့သော် ဒါက အကြောင်းပြချက်ရယ်ပါ။

တကယ်က ဂျောင်ကု ပျင်းလာတာဖြစ်သည်။တရားမှတ်ဖို့နဲ့ဂျောင်ကုဆိုတာ မီးနဲ့ရေလိုပဲ လုံးဝပေါင်းစပ်မရတဲ့အရာလေ။ဒါကို အခုလောက်ထိ ဝင်လေထွက်လေမှတ်ပြီးရင်တော်ပေါ့။မနက်ကတည်းက ခုထိမပြီးနိုင်တော့။ဂျောင်ကု စုမှိတ်ထားသည့် မျက်လုံးကို ဖွင့်ကာ ကျောက်ဆောင်ပေါ်မှ ထရပ်လိုက်သည်။

"ညောင်းလာပြီ လူကြီးရ ! တရားထိုင်နေရတာ ဘယ်နာရီရှိနေပြီလဲ !"

"ဒီအခြေခံတောင် မအောင်မြင်ရင် ဘာမှဆက်လုပ်လို့မရဘူး !"

"ဟားးး ! တော်ပြီ ! သောက်ရမ်းရှုပ်တယ် ! _ီးတောင် မထိုင်ဘူး ! "

The KIMWhere stories live. Discover now