Ep : 6

611 96 27
                                    

Unicode

"ကုကီး !"

"လုပ်ပြန်ပြီ ~ ဟင်းး ~~"

သက်ပြင်းချသံသဲ့သဲ့က စိတ်ပျက်မှုများစွာကိုဖော်ဆောင်သည်။ဂျောင်ကု workout တွေလုပ်ပြီး နားတွေဖောက်တယ်။smart ကျစေရန် all black fashion တွေကိုသာ အဝတ်များသည်။ဖြစ်စေချင်တာက ခပ်မိုက်မိုက်ကောင်လေး။ခု ဖြစ်လာတာက ကလေးလိုလို ဘာလိုလိုနဲ့။အမြဲမခေါ်ပါနဲ့ဆိုလည်း ခုထိမရ။ဂျောင်ကု ဘေးတစ်ခြမ်းလွယ်ထားသည့် ကျောပိုးအိတ်ကို ခုံပေါ်ပစ်တင်ကာ ဝင်ထိုင်လိုက်သည်။ဘေးတွေတော့ လူကြီးက တောက်လျှောက်ကပ်ပါလာသည်။ကျောင်းအထိ ဘာလိုက်လုပ်မှန်းမသိ။

"မနေ့က ဘာလို့ ငါ့ကိုတစ်ယောက်တည်း ထားသွားတာလဲ ? ဆိုစမ်းပါအုံး ဘယ်စော်နဲ့ သွားနှပ်နေတာလဲ ?"

"ဘယ်မှ မစော်နိုင်ဘူး ! ဝဋ်ကြွေး ဝဋ်ကြွေးတွေဆပ်နေရတာ !"

ဂျောင်ကုမှာ ပြောကလည်း ပြောချင်၊ပြောလည်းမပြောရဲဖြစ်ရသည်။တော်သေးသည်က မနေ့ကအဖြစ်ပျက်တွေကို ဂျောင်ကုကလွဲပြီး ကျန်တဲ့သူတွေမမှတ်မိတော့။အန္တရာယ်လည်းကင်းတယ်ဆိုတော့ ဒါလူကြီးရဲ့ လက်ချက်မှန်းသိပါသည်။စိတ်ထဲတွင်လည်း အပူတစ်ခုငြိမ်းသွားရသည်။

"ဘာတုန်း ဝဋ်ကြွေး ! ဟင် ကုကီး မင်းဘေးမှာ ..!"

"ပေါက်စသူငယ်ချင်း ဟုတ်သလား ?"

"ဂျောင်ဟိုဆော့ပါဗျ ~ ဒီကအစ်ကိုက?"

"ပေါက်စရဲ့ အုပ်ထိမ်းသူ !"

"ဗျာ !"

ဟိုဆော့က လက်ညှိုးတထိုးထိုးနဲ့ မျက်လုံးကြီးပြူးကာ စပ်စုနေသည်။လူကြီးကိုတော့ ဘာမှမပြောချင်တော့။မခေါ်ပါဘဲ သူ့သဘောနဲ့သူ အခန့်သားတက်နေတယ်။ပြီးတော့ ဂျောင်ကုနား အရိပ်လိုလိုက်လာတယ်။အကြောင်းပြချက်ရယ်လို့ ဘာမှမသိရ။ဂျောင်ကု စိတ်ရှုပ်ရှုပ်ဖြင့် ရှေ့ရောက်ပြီးသား နွားနို့ခွက်သာ ကောက်မော့ပစ်လိုက်သည်။

"ဟဲ့ ချောလိုက်တာ! မျက်လုံးလေးကိုကြည့်ပါအုံး အစိမ်းရောင်လေး ! မျက်ကပ်မှန်တပ်ထားတာလားမသိဘူး!"

"ကျောင်းမှာ တစ်ခါမှမမြင်ဖူးပေမယ့် မြင်မြင်ချင်းကြွေသွားပြီဟယ် !"

The KIMWhere stories live. Discover now