Ep : 14

326 62 26
                                    

Unicode

မနက်မိုးစင်စင်လင်းကတည်းက ပိကျိပိကျိနဲ့ တကုပ်ကုပ်နဲ့ ကြိုးစားနေရှာသည့်သူဟာ ရှိနေသည်။တစ်ခါမှ အိပ်ယာစောစောမထတဲ့သူက အထူးတလည် ထကာ လန်းဆန်းနေသည်။ဗီရိုကြီးတွေဖွင့်လိုက် အဝတ်တွေထုပ်လိုက်နဲ့ အလုပ်များနေသည်။ကင်မ့်ကိုပင် တစ်ချက်မကြည့်နိုင် ဘာတွေလုပ်နေမှန်းမသိ။နောက်ဆုံး ကင်မ်မနေနိုင်တော့မှ ပေါက်စအနားသွားလိုက်သည်။

"ဘာတွေလုပ်နေတာလဲ ?"

"ဟ ခရီးသွားမယ်ဆို လိုရမယ်ရထည့်နေရတာပေါ့ ~"

"လူချည်းပဲ သွားမှာ ~"

အခုမှပဲ နားလည်တော့သည်။အခုသွားမယ့်နေရာကို သာမန်ခရီးလို့ထင်ပြီး အလုပ်ရှုပ်နေရှာတာ။ကင်မ် ပြောလိုက်တော့မှ အဝတ်တွေကိုချကာ မတ်တပ်ရပ်မျက်နှာချင်းဆိုင်လာပြီး...

"ဟာ မရဘူးလေ ~ အသုံးဆောင်လေး ဘာလေ ထည့်မှပေါ့ ~ အဝတ်လေးဘာလေးလည်း ထည့်ရမယ်လေ ဘယ်နှရက်နေရမှန်းမှ မသိတာ ~"

"အများကြီးလျှောက်မတွေးနဲ့ ~ တဖြည်းဖြည်း အဖိုးကြီးအိုပေါက်စနဲ့တူလာပြီ ~"

"လူကြီး ! ဘာလုပ်တာလဲ ! တခြားဟာရပေမယ့် skincare ဖို့တော့ ထည့်မှရမှာလို့ !"

ဂျောင်ကု ဆံပင်တွေကို ခပ်ဖွဖွပုတ်ရင်း ထည့်ပြီးသားအဝတ်တွေကို နေရာပြန်ချတော့သည်။ဂျောင်ကုက ကိုယ်ပိုင်အသုံးဆောင်ပစ္စည်းတွေကို တခြားသူထိတာမကြိုက်ပေ။ခု လူကြီးက မပြောမဆိုနဲ့ လုပ်နေတာမို့ ဆွဲယူပစ်လိုက်သည်။

"ဒီတိုင်းပဲ သွားရမယ် ~"

"ဘာလဲဗျာ !"

"ပါးစပ်ဟ ~"

ဘာမှန်းမသိ လက်ကောက်ဝတ်ကနေဆွဲက လူကို ရှေ့ထိရောက်အောင် ရပ်စေပြီး အမိန့်ကပေးပြန်သည်။ဂျောင်ကုက နှုတ်ခမ်းကို မပွင်တပွင့်ဟလိုက်ရသည်။အကျယ်ကြီးလည်း မဟရဲ။တော်ကြာပေါက်ကရဆို အခက်တွေမှာက ဂျောင်ကုအရင်လေ။

"ငုံမထားနဲ့ မျိုချလိုက် ~"

"အရသာ မရှိဘူး လူကြီး ~"

"စားစရာမဟုတ်ဘူး နားလည်သလား ?"

ပါးစပ်ထဲရာက်လာသည့် အစိမ်းဖျော့ဖျော့နဲ့ ဖန်ဂေါ်လီလုံးအရွယ်ကလေးကို ဂျောင်ကုမမျိုချရဲပေ။လည်ချောင်းနားမှာ တစ်နေရင်ဘယ်လိုလုပ်မလဲ။ပြီးမှ မျက်လုံးစုံမှိတ်ကာ ရဲရဲမျိုချလိုက်ရသည်။တကယ်ဘဲ လူကြီးတို့ နေရာသွားဖို့က သိပ်ကိုရှုပ်သည်။

The KIMWhere stories live. Discover now