Ep : 11

339 78 18
                                    

Unicode

"ခင်ဗျားက ဘယ်သူလဲ ?"

အနက်ရောင် ဝတ်စုံနဲ့ လူနှစ်ယောက်။ဘာမှမရှိရာကနေ ဘွားခနဲပေါလာကတည်းက လူတော့မဖြစ်နိုင်။မျက်နှာတွေကို အဝတ်မည်းနဲ့ စည်းထားပြီး ဖော်ထားတဲ့ မျက်ဝန်းတွေက နီကြောင်ကြောင်။အဝတ်ကအစ ဂျောင်ကုတို့ ဝတ်နေကျမဟုတ်ဘဲ ခေတ်နောက်ပြန်ဆွဲထားသလိုမျိုး။ဂျောင်ကု ချက်ချင်း ထရပ်လိုက်မိကာ ခပ်တည်တည်မေးလိုက်သည်။

"မင်းတို့တွေထဲက တစ်ယောက်ပေါ့ ! မင်းလိုလူတော့မဟုတ်ဘူး ! "

"ခင်ဗျား ဘာတွေလာပြောနေတာလဲ ! "

"မသိချင်ယောင်ဆောင်မနေပါနဲ့ ! မင်းက မီးကို ထိန်းချုပ်နိုင်တာ အံ့ဩစရာမှမဟုတ်တာ !"

ထိုထဲက တစ်ယောက်က ဂျောင်ကုအခြေအနေကို သိနေသလိုမျိုးပြောတော့ ဂျောင်ကု လက်ကလေးတွေတုန်လာသည်။မွေးကတည်းက ကောင်းကောင်းရှင်သန်လာပြီး ခုကျမှ သာမန်မဟုတ်တဲ့သူတွေနဲ့ကြုံနေရသလို ကိုယ်တိုင်ကပါ အဲ့လိုဖြစ်နေသည်။ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့အခြေအနေမှာ လက်ခံဖို့ ခက်ခဲလွန်းသည်။

"ဘာလို့လဲ သိချင်လား ?"

"မင်းအဖေဆီက အမွေရခဲ့လို့လေ !"

"ဘာ သောက်ရူးစကားတွေလဲ ? "

ဂျောင်ကု့စကားကြောင့် ထိုနှစ်ယောက်ရဲ့ မျက်သားတွေက ဒေါသအရိပ်အငွေ့တချို့ဖြတ်သန်းသွားသည်။မတတ်နိုင်။ကိုယ့်အကြောင်းနဲ့ကိုယ် စိတ်ညစ်နေရာက ဘာတွေလာပြောနေမှန်းမသိ။ဘယ်က အဖေဆီကလဲ ?

အဓိပ္ပါယ်မရှိလိုက်တာ !

"အရူး ! ငါတို့ကို အရူးလို့ ပြောလိုက်တာလား ! မင်းက ညင်ညင်သာသာ မသွားချင်ဘူးနဲ့ တူတယ် !"

"ဒီမှာ ဟေ့လူတွေ ! ခင်ဗျားတို့ကို ကျုပ်မသိဘူး ! စိတ်လည်းမဝင်စားဘူး ! အဲ့တော့ ဝေးဝေးသွားတာ အကောင်းဆုံးပဲ ! ပြီးမှ ကျုပ်အဆိုးမဆိုနဲ့ !"

"ဟာဟားးး မင်းလို မလောက်လေး မလောက်စားကများ ! စိတ်မကောင်းစရာပဲ ! "

ခပ်ဩဩရယ်သံတွေက ဂျောင်ကုအား လွှမ်းခြုံရင်း လှောင်ပြောသရော်နေသလိုပင်။ဂျောင်ကု အံကို ခပ်တင်းတင်းကြိတ်ထားမိကာ လက်သီးကိုပါဆုပ်ပစ်လိုက်သည်။ထို့နောက် ထိုနှစ်ယောက်က လက်ထဲရှိ ဓားကို ကိုင်မြှောက်လျက် ဂျောင်ကုဆီ ဦးတည် ခုန်အုပ်လာသည်။

The KIMWhere stories live. Discover now