Ep : 8

344 79 29
                                    

Unicode

နုံးချိနေတဲ့ကိုယ်က MMA ဖိုက်တာများ ကိုင်ရိုက်ထားသလား မှတ်ရသည်။လှုပ်ပင်မလှုပ်နိုင်ခဲ့။မဟုတ်မှ ရထားများတက်ကြိတ်သွားတာလား။ဒါလည်းမဖြစ်နိုင်ပေ။တကယ်သာဆို ခုချိန် ဂျွန်ဂျောင်ကုတို့ အရိုးတောင်ကျန်မှာမဟုတ်။

ပွထနေတဲ့ အတွေးစတွေက မျက်တောင်ဖျားတွေ လှုပ်ခက်ရင်း မျက်ခုံးစုလေး တွန့်ကာနေမိသည်။လေးပင်နေတဲ့ ကိုယ်နဲ့အတူ အဲ့ကမ္ဘာ့အလေးဆုံးမျက်တောင်တွေကလည်း အပေါ်ကိုမတတ်နိုင်။နောက်ဆုံး ဂျောင်ကု ရှိသမျှ အင်အားလေးနဲ့ မျက်ဝန်းတို့အား ဖွင့်ကြည့်လိုက်သည်။မှိန်ပြပြအခန်းက လိုက်ကာစတွေမဖယ်တာမို့ အလင်းတန်းက မထိုးဖောက်နိုင်။မိုးမလင်းသေးတာတော့မဟုတ်။ဂျွန်ဂျောင်ကုဆိုတာ ဘယ်သောအခါမှ စောစောမနိုးဘူးလေ။

စောစောထတဲ့ငှက် အစဝပေမယ့်
နောက်ကျမှ ထတဲ့ဂျောင်ကုကတော့ အိပ်ရေးဝတယ်မဟုတ်လား!

ဂျောင်ကုရဲ့ ကြီးမားလှတဲ့ ယူဆမှုနဲ့အတူ ဘေးကို ငဲ့ကြည့်မိတော့ သူ့အား ခါးထောက်ကြည့်နေတဲ့လူကြီး။ခါးအောက်ပိုင်းပဲ သဘက်ပါကာ အပေါ်ပိုင်းက ဗလာကျင်းနေလျက် မျက်ဝန်းတွေက ခပ်စူးစူး။ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက ပြုံးရင် အရိုက်ခံရမှာစိုးလို့ထင်ပါရဲ့။

ဒါနဲ့ နေပါအုံး ! တစ်ခါမှ အဲ့လို အဝတ်ဗလာနဲ့ မနေတဲ့လူကြီးက အခုမှဘာလို့ !

ပြီးတော့ ဂျောင်ကုရဲ့ ကိုယ်လက်တွေလည်း နာနေတာ !

ညကလည်း သူ သောက်ထားတာဆိုတော့ မဟုတ်မှ လူကြီးက သူ့ကို....

"ဟင် ! အားးးး ! "

"ကျစ်! နားငြီးတယ် ! တိတ်တိတ်နေစမ်းပါကွာ !"

"လူကြီး ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ !"

"ဘာ !"

အိပ်ရာကနိုးတာနဲ့ အသံအိုးကွဲမတက် အော်နေသူက ထုံးစံအတိုင်း နားမလည်တာတွေနဲ့ စတင်သည်။အိပ်ရာနိုးတိုင်း တစ်ခုမဟုတ်တစ်ခု ရစ်သူက ခုလည်း အစအဆုံးမရှိမေးလာသည်။

မနေ့ညက ထိုပေါက်စ အန်ချလိုက်တာမို့ သူ့ကို လုပ်ပေးရင်း ကင်မ်ပါရေချိုးလိုက်ပေမယ့် လောနေတာမို့ ဒီမနက်မှ သေချာသန့်စင်ရသည်။ပေါက်စလုပ်နေကျအတိုင်း သဘက်ဖြူအသစ်ကို ခါးမှ ပတ်ထားရင်း ကုတင်ပေါ်က တအင်းအင်းလုပ်သူနား သွားကြည့်ရာကစလို့ ကင်မ်ဘာတစ်ခုမှ မဟုတ်တာမလုပ်ရသေးချေ။ဒါကို မေးတဲ့ မေးခွန်းက မဟုတ်သေး!

The KIMWhere stories live. Discover now