Ep : 7

413 69 18
                                    

Unicode

"ဝိုးးး ဒီနေ့လူပိုများသလားလို့ ! ဒီဂျွန်ဂျောင်ကု လာမှာ ကြိုသိနေကြတာလားကွာ !"

မြူးကြွကြွသံစဉ်တို့က ရုတ်ချည်းဝင်ရောက်လာသလို ရောင်စုံမီးတန်းလေးတွေက ဂျောင်ကုကိုယ်တွင် ကူးလူးသွားတော့ စိတ်ထဲပျော်မိသား။အသက်ပြည့်ပြီးသား ယောကျ်ားလေးဖြစ်သည့်အလျောက် အပျော်အပါးက အနည်းအများမက်ပါသည်။တစ်ပတ်နှစ်ကြိမ်လောက်မှ မလာရရင် လူက နေထိုင်မကောင်းတော့။club ပိုး ' ဆိုတာဒါကိုပြောတာဖြစ်မယ်။ဂျောင်ကုက အကျွမ်းတဝင်ရှိစွာပဲ ကိုယ်လေးကို ယိမ်းနွဲ့ပစ်လိုက်သည်။

"လာလေ လူကြီးရ ! လူကြီးက ထူးဆန်းလို့ ဘယ်ကလာလည်းမသိပေမယ့် ဒီလို နေရာမျိုးက ဒီမှာပဲရှိတာ ! ဟားး နတ်ပြည်မှာတောင် ရှိမှာမဟုတ်ဘူး !"

"ဒီလောက် ဆူညံနေတဲ့နေရာ ! နတ်ပြည်မှာ ဘယ်လိုရှိမလဲကွ !"

ဒီပေါက်စက အရမ်းကို ဆိုးလွန်းသည်။ဘယ်နှယ့် ကင်မ်တို့ စံရာ ကောင်းကင်ဘုံကိုတောင် နှိမ်ချလိုက်သေး။လူပြည့်တစ်ပြည်လုံး ရေလွှမ်းအောင် လုပ်လိုက်ရ !

ကင်မ်ရဲ့ မရယ်မပြုံးမျက်နှာက အမြဲဆိုပေမယ့် ခုလို ဆူညံနေတာကြောင့် စိတ်ရှုပ်စွာဖြင့် မျက်ခုံးတန်းနှစ်ခု ဆုံစည်းရာကြား လက်ညိုးလက်မသုံးကာ နှိပ်နယ်လိုက်သည်။

"အဲ့တာကြောင့် ဟောဒီဂျွန်ဂျောင်ကုတို့ နတ်ပြည်မတက်ချင်တာပဲ ! နတ်သမီး တစ်ဖက် လေးငါးရာနဲ့ စံစားရမဲ့အစား ဟောဒီနေရာက မဟေသီလေးတွေနဲ့ပဲ ကနေလိုက်မယ် !"

"ဘယ်က ပေါက်ကရတွေ တတ်လာပြန်တာတုန်း ! နတ်ပြည်မှာ ဘယ်နတ်ကမှ နတ်သမီး တစ်ဖက်လေးငါးရာမရှိဘူး !"

လူပြည့်က မှတ်တမ်းတွေက အမှားတွေချည်းဖြစ်သည်။ကောင်းကင်ဘုံမှာဖြင့်နတ်သားနဲ့ နတ်သမီးတောင် တစ်သီးတစ်ခြားထားတာမဟုတ်လား။ဘုရင်ဖြစ်သည့် အစ်ကိုတော်ဟေးဒီးစ် တောင် မိဖုရား သုံးပါးသာရှိသည်။ဒါကလည်း ချသ်မေတ္တာကြောင့်မဟုတ်။နေရာတည်မြဲရန်သာ။

"မသိဘူးဗျာ ! လာမှာဖြင့် လာ ! စကားသိပ်များတာပဲ !"

"နေပါဦး ပြောတော့ ကဝေတွေရှိတဲ့နေရာဆို ! ခုဘယ်မလဲ ! "

The KIMWhere stories live. Discover now