Ep : 13

292 62 19
                                    

Unicode

"ကိုယ့်မှာ လက်ဆက်ရမယ့်နတ်သမီးရှိတယ် ~"

အုန်းခနဲမြည်ဟီးသွားမှုက ရင်အစုံကို တစ်စစီလွင့်စင်မတက်။လက်ချောင်းသွယ်တို့အား ဆုပ်ကိုင်ထားမိတဲ့ လက်ကလေးဟာ အားပြတ်စွာ လွှတ်ချမိသွားသည်။ဝဲတက်လာတဲ့ မျက်ရည်ကြည်တို့က ဂျောင်ကုအား ခံရခက်စေသည်။ဒါဘယ်လိုအခြေအနေကြီးလဲ။ဒီဂျွန်ဂျောင်ကုက ယဉ်ယဉ်ကျေးကျေးအငြင်းခံလိုက်ရတာလား။

လူကြီး ဂျောင်ကုကို ဂရုစိုက်တာဟာ တာဝန်ကြောင့်သိပါသော်ငြား တစ်ခါတစ်ခါရိပ်စားမိတဲ့ နူးညံ့မှုတွေ၊နှလုံးသားက ခံစားမိတဲ့ နွေးထွေးလုံခြုံမှုတွေကြောင့် အတင့်ရဲခဲ့မိကာ အဟုတ်ကြီးထင်ခဲ့မိတာဟာ ခု သဲထဲရေသွန်ဖြစ်ကုန်ပြီ။

သို့သော် လွယ်လွယ်လက်လျှော့မယ့်ထဲ ဒီကောင်က ပါမနေ။တစ်ကြိမ်နဲ့မရ နှစ်ကြိမ် ! သုံးကြိမ် ! ဘယ်နှကြိမ်ဖြစ်ပါစေ အကြိမ်ကြိမ်ဖွင့်ပြောရဲသည်။ဘာလို့ဆို လူကြီးဟာ သက်ဆိုင်သူရှိလင့်ကစား ပိုင်ဆိုင်သူတော့မရှိသေးဘူးလေ။ဂျောင်ကုက မြန်မြန်ဆန်ဆန်ပဲ အောက်နှုတ်ခမ်းအား မသိမသာဖိကြိတ်ကာ ခေါင်းညိတ်လိုက်ရင်း လူကြီးအား ခပ်တွေတွေပြန်စိုက်ကြည့်လိုက်သည်။

"လက်ထပ်ထားတာမှ မဟုတ်တာ ကျွန်တော်က ဘာလုပ်ရမှာလဲ ~ ပြီးတော့ လူကြီးက အဲ့နတ်သမီးဆိုတာကိုရော ချစ်လို့လား ?"

"ကိုယ့်မှာ အချစ်မရှိဘူး ~"

"ဟင့်အင်း မယုံဘူး ~ လူကြီး ကျွန်တော့်ကို ချစ်တယ်မလား ~ ဟောဒီ မျက်လုံးတွေက သက်သေပဲလေ ~ "

ဂျောင်ကု သိပ်ရိပ်မိတာပေါ့။ဂျောင်ကု ရုတ်ချည်းဖွင့်ပြောလိုက်တဲ့အခါ ပြောင်းလဲသွားတဲ့ မျက်ဝန်းတွေက ဟန်ဆောင်ဖို့ မေ့နေခဲ့တယ်ဆိုတာ။အဆုံးထိ လူကြီးက တင်းခံနေခဲ့သည်။

"ဟင့်အင်း အထင်မှားနေရုံပါ ~"

မထူးတဲ့အဆုံး ဂျောင်ကုက လူကြီးရဲ့ နှုတ်ခမ်းထူထူအား ဦးစွာ နမ်းလိုက်သည်။ပထမဆုံး ထိကပ်ရုံမျှဆိုပေမယ့် ရင်ဘက်အစုံက တွန်းအားနဲ့အတူ နူးညံ့တဲ့အထိတွေ့က ဂျောင်ကုအား ရှေ့တိုးစေခဲ့သည်။ငြိမ်သက်နေတဲ့အောက်နှုတ်ခမ်းထူအား ဦးစွာ စွဲစုပ်လိုက်ပြီး ဆက်တိုးခဲ့သည်။

The KIMWhere stories live. Discover now