Ep : 2

1.1K 166 63
                                    

Unicode

ဆေးနံ့တွေအစား ပန်းနံခပ်သင်းသင်းထုံ‌လို့ အိမ်တစ်လုံးရဲ့အဆောင်အယောင်များဖြင့် ပြည့်ပြည့်စုံစုံရှိနေသောဆေးရုံကြီးရဲ့အခန်းကျယ်သည် လေးပတ်လေးလံအဖြူရောင်သုတ်ဆေးများဖြင့် ချယ်ထားကာ အပူအအေးမျှတနေသည်မှာ အထူးခန်းဖြစ်သည်ကြောင့်ပင်။ထိုအခန်းရဲ့ထိပ်ရှိ ကုတင်ထက် ဖျော့တော့စွာ လှဲနေသည့်အမျိုးသမီးငယ်ရဲ့ မျက်ဝန်းတို့သည် မျက်ရည်များရစ်ဝိုင်းလို့ ‌မျက်ဝန်းထောင့်မှ အသွင်သွင်စီးကျနေသည်။

"မြေးလေးကို ကြည့်ပါဦး သမီး ~ "

သူနာပြုမလေးရဲ့ လက်ထဲရှိအဖြူရောင်အနှီးစလေးဖြင့်ထုတ်ထားသည့် ကလေးငယ်အား ပြောင်းချီ၍ လှဲလျောင်းနေသူဘေးချပေးလိုက်သည်။ထိုအခါ ပက်လက်နေသူက ကလေးငယ်ဘက် ကိုယ်ကိုစောင်းလို့ ဖျော့တော့စွာ ပြုံးရင်း ကြည့်လာသည်။

ဤအပြုံးသည် ၆လအကြာမှ ပထမဆုံးပြန်မြင်တွေ့ရတဲ့ သမီးငယ်ရဲ့အပြုံးလေးပင်။

"မေမေ့ရဲ့သားငယ်လေး ~ မေမေက ကလေးကို အစွမ်းကုန်ကာကွယ်ပေးပြီး အကောင်းဆုံးပြုစုပျိုးထောင်ပေးမယ် ~"

"အဲ ~ "

ကလေးငယ်က သူမရဲ့စကားတွေကိုနားလည်သည့်အလား အသံလေးပြုကာ ရယ်ပြသည်။
ချစ်စရာကောင်းလိုက်တဲ့ မေမေ့သားငယ်လေးရယ်!

သားငယ်လေးက မွေးခါစမို့ ရုပ်လုံးတိတိကျကျမပေါ်သေးပေမယ့် အသားရည်လေးက နှင်းပွင့်လေးလိုဖြူစွတ်ကာ ဝါဂွမ်းလေးလိုနူးညံ့အိစက်နေသည်။ရဲစိုနေ‌သည့် နှုတ်ခမ်းလေးတွေက စုလုံးလုံးလေးနဲ့ အသည်းယားဖွယ်အတိ။ခပ်ပါးပါးမျက်ခုံးတန်းလေးရဲ့အောက် ကလယ်ကလယ်လုပ်နေတဲ့မျက်ဝန်းဝိုင်းလေး..

အို ! မြင်ရသူတိုင်းက သားငယ်လေးရဲ့မျက်ဝန်းအိမ်ကိုစိုက်ကြည့်ရုံမျှနဲ့ ကြယ်လေးတွေကို မြင်ရမည်ထင်။သူမ မြောက်ပင့်ဆိုခြင်းမဟုတ် သားငယ်လေးရဲ့မျက်ဝန်းလေးတွေက စိမ့်စမ်းရေလေးလို အေးချမ်းခြင်းအသွင်ကိုပါ ဆောင်နေသေး။ဤသည်က မောင်နှင့်တူသည့်အချက်လေးပင် !

မောင်သိရဲ့လားဟင် ?
ခုဆို ငယ်တို့ဘဝထဲကို ချစ်စရာကောင်းတဲ့ သားငယ်လေးက ဝင်လာပြီ မောင်ရဲ့ !

The KIMWhere stories live. Discover now