Ep : 5

616 98 71
                                    

Unicode

နှစ်တွေအလီလီပြောင်းလဲသွားသော်လည်း ပထမဆုံးတွေဆုံးခြင်းကဲ့သို့ ခမ်းနာစွာ ချောမောနေမှုက လျော့မသွား။သူကိုယ်တိုင်က အများကြီးပြောင်းလဲလာခဲ့ပေမယ့် သူ့ရှေ့က အစိမ်းရောင်ကုတ်အရှည်ကြီးနဲ့သူကတော့ အဘယ်သို့ ယခင်ကအတိုင်းလဲ။တရွေ့ရွေ့လှမ်းနေတဲ့ခြေလှမ်းတွေကအစ မှင်သက်စေသည်။စိမ်းဖျော့ဖျော့မျက်ဝန်းတွေကတော့ ‌သူ့ရဲ့တစ်ကိုယ်လုံးကို လွှမ်းခြုံကြည့်လို့နေသည်။

ဂျွန်ဂျောင်ကုရဲ့လူကြီးက ပြန်လာပြီ !

စိတ်ထဲရေရွတ်နေမှုဖြစ်သော်လည်း ငြိမ်သက်သွားသည့် သဘာဝလွန်တိတ်ဆိတ်မှုကြောင့် စိုးထိတ်လာသည်။နောက်သို့ ခြေလှမ်းတွေဆုတ်မိသည်မှာ အလိုလို။တွေ့ချင်နေသော်ငြား တကယ်တမ်းတွေရချိန်က မထင်မှတ်စွာရောက်လာသလို တစ်ပြိုင်နက်တည်း ကြောက်စိတ်ကိုပါ ခေါ်ဆောင်လာသည်။ဂျောင်ကုလက်ကလေးတွေက အေးစက်လာပြီး နှုတ်ခမ်းလေးတွေတုန်လာသည်။လူကြီးကလည်း ခြေလှမ်းတွေမရပ်ခဲ့!

"အင့် !"

ဂျောင်ကုရဲ့ခြေလှမ်းတွေဟာ ကားအနက်ရောင်လေးနဲ့ ထိစက်တော့မည့်အခါ တိခနဲပင်။သို့သော် ကျောက်ခဲစကြောင့် ခြေချော်သွားတာမို့ အရှိန်လေးပါသည့်အခါ ကျောပြင်လေးဟာ ကားတစ်ခါးနဲ့ ပစ်ဆောင့်သည်။ထူးဆန်းစွာပဲ နာကျင်မှုရှိမနေ။လူကြီးရဲ့ လက်ဖဝါးနွေးနွေးကြား ဂျောင်ကုခါးလေးက အံဝင်ဂွင်ကျစွာ ရောက်သွားတာမို့ပင်။

"သတိထားမှပေါ့ ကလေးပေါက်စရဲ့ ~"

မရယ်ပြုံးမျက်နှာနဲ့ ရှတတအသံက ကျောရိုးထဲစိမ့်ခနဲ။

လူကြီးအသံက နားထောင်ကောင်းနေဆဲ !

လူကြီးက ကြောက်နေတဲ့ဂျောင်ကုကို ပိုရင်ခုန်အောင်လုပ်နေသည်။တစ်ခါတွေ့တော့လည်း အသားယူသည်။ဒုတိယအကြိမ်မှာလည်း အသားယူပြန်သေးသည်။

လူကြီးကို မကျေနပ်ပါ!

အတွေးငယ်လေးနဲ့အတူ ဂျောင်ကုရဲ့နှုတ်ခမ်းချွန်လေးက မသိမသာဆူထွက်လာသည်။မျက်ဝန်းဝိုင်းလေးတွေကလည်း အစိမ်းဖျော့ရောင် ခေါ်ဆောင်ရာသို့သာ။သို့ပေမယ့် မလိုက်မိတဲ့ နှုတ်ခမ်းချွန်လေးကတော့ အကျင့်လေးအတိုင်း မေးခွန်းတွေနဲ့စတင်တိုက်ခုက်တော့သည်။

The KIMWhere stories live. Discover now