နှုတ်ဆက်စာ (unicode+zawgyi)

988 29 14
                                    

Unicode Version

ပထမဆုံးပြောချင်တာကတော့ ထပ်တွေ့ရလို့ ဝမ်းသာပါတယ်။ ဒီဇာတ်လမ်းလေးကို ဟိုးအရင်ကတည်းက ချစ်မြတ်နိုးပေးကြသလို အခုထိလည်း ချစ်နေကြသေးတာတွေ့ရလို့ ရေးရကျိုးနပ်ပါတယ်လို့ ရဲရဲကြီး ပြောချလိုက်ချင်ပါတယ်။ အခုမှ ဖတ်မဲ့သူတွေကတော့ မသိလောက်ပေမဲ့ တော်တော်များများက လင်းနဲ့သုခကိုချစ်လို့ ပြန်ဖတ်ကြတာဆိုတော့ အရင်ကစာမူနဲ့ အခုအသစ်တင်တဲ့ စာမူ ပြောင်းလဲသွားတာကို သတိထားမိကြမှာပါ။ 

တကယ်လို့ အရင်စာဖတ်သူဟောင်းတွေ အနေနဲ့ ဒီပြင်လိုက်တဲ့စာမူမှာ အပြောင်းအလဲတစ်ချို့ကြောင့် စိတ်အနှောင့်အယှက်လေးတွေ ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။ တစ်ဆက်တည်းမှာပါ ညိုမီက လင်းနဲ့သုခကို ချစ်ပေးကြတဲ့ ဒီစာဖတ်သူတွေကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကို တဆင့်မြင့်ချင်တဲ့ စိတ်စေတနာနဲ့ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းကိုလည်း နားလည်ပေးစေလိုပါတယ်ရှင်။ အရင်ကဆို လင်းနဲ့သုခကို စာဖတ်သူတွေက ကြိုးစားပြီးနားလည်ပေးခဲ့ရပါတယ်။ ဒါကြောင့်လည်း သူတို့က ဇာတ်ကောင်တွေကို ပိုတန်ဖိုးထားပြီး ပိုချစ်ခင်ကြပါတယ်။ ဒီတစ်ခါစာမူပြင်ပြီးနောက်မှာတော့ ညိုမီက လင်းနဲ့သုခကို အထူးသဖြင့် လင်းကို စာဖတ်သူတွေ အရမ်းအားစိုက်စရာမလိုဘဲ နားလည်နိုင်အောင်လို့ ဖော်ပြပေးထားပါတယ်။ အရင်က ကြိုးစားပြီးနားလည်ပေးခဲ့ရတဲ့ ဇာတ်ကောင်ကို နားတော့လည်တယ် ဒါပေမဲ့ မတင်မကျဘဲဆိုတဲ့ ခံစားချက်လေး ပျောက်သွားခဲ့ရင် ဇာတ်ကောင်နဲ့ စာဖတ်သူတွေ ပိုပြီးရင်းနှီးမှုရလာစေမယ်လို့ မျှော်လင့်ပါတယ်။

နောက်တစ်ခုကတော့ ညိုမီ ဒီခေတ်အခေါ် ကဗျာစကားပြေတွေကို အပိုင်းတိုင်းဆီမှာ ကြိုးစားပြီးရေးထားပါတယ်။ အရင်စာမူဟောင်းမှာ ညိုမီရေးခဲ့ပေမဲ့ နည်းနည်းပဲပါတယ်ဆိုတာ အားလုံးသိပြီးသားနေမှာပါ။ အဲဒီကဗျာစကားပြေအပုဒ်တိုင်းဟာ ဇာတ်ကောင်သုံးယောက်လုံးနဲ့ စပ်ဆိုင်ပါတယ်။ ညိုမီက စာဖတ်သူတွေကို ပေးချင်တဲ့လက်ဆောင်ကလည်း အဲဒီကဗျာတွေပါပဲ။ လင်းနဲ့သုခကို ချစ်ပေးကြသလို ညိုမီ့ကိုလည်း ချစ်ပေးကြတဲ့ စာဖတ်သူတွေအတွက် ညိုမီပြန်ပေးနိုင်သလောက်နဲ့ ပေးဆပ်ပါတယ်။ 

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Donde viven las historias. Descúbrelo ahora