အချစ်ဖျား

2.2K 217 31
                                    

အပိုင်း နှစ်ဆယ့်နှစ်

အချစ်ဖျား

ဖျားနာလိုက်ပုံများ မင်းအတွက် ငါ့မှာကြွေရ၊ မင်းအတွက် ငါ့မှာဝေရ၊ အရိပ်လည်း ခိုပါ၊ အခက်လည်း ချိုးပါ။

ဖျားနာလိုက်ပုံများ မင်းခြောက်တော့ကြောက်ရ၊ မင်းခနဲ့တော့မဲ့ရ၊ မင်းဆေးစက်ကျရာမှာပဲ ငါ့အရုပ်ထင်။

ငါဖျားနာလိုက်ပုံများ မင်းလုပ်သမျှ ချစ်တယ်လို့ မြင်တယ်။ မင်းပြောသမျှ ချစ်တယ်လို့ကြားတယ်။ စုံလုံးကန်းစေတဲ့ ငါ့ရဲ့ဖျားနာခြင်းတွေ။

အရိပ်လည်းခိုပါ၊ အခက်လည်း ချိုးပါ။

..................

"မင်းကွတ်သီးတွေ လှည်းနဲ့လာရောင်းတာထင်တယ်။"

"ဒီရှေ့မှာလည်း ဝယ်လို့ရတယ်။ မေးကြည့်လိုက် ငါးရာဖိုးဘယ်နှစ်လုံးလဲ။"

လင်း အခန်းထဲမှာ မြေစာချုပ်လတ်မှတ်ထိုး စာရွက်တွေစစ်နေရင်း အပြင်ဘက်ဆီမှ စကားသံကြောင့် လုပ်လက်စကို ရပ်ကာ ပိုက်ဆံအိတ်ယူပြီး အခန်းပြင်ထွက်လာခဲ့သော်လည်း ရောင်နေရော သုခပါ အိမ်ထဲရှာမတွေ့၊ မရှိတော့။ လင်း ဝရန်တာရှေ့ထိထွက်ကြည့်တော့ ကိုကြီးနှင့်အတူ အိမ်ထဲဝင်လာသည့် သုခကို တွေ့ရသည်။ လက်ထဲမှာလည်း မင်းကွတ်သီးတစ်အိတ်ဖြင့် သူရပ်နေတဲ့ဆီ လက်ပြပြီးတောင် နှုတ်ဆက်လိုက်သေးတယ်။

"ကိုကြီး မင်းကွတ်သီးစားချင်လို့လား။"

လင်း လှေကားရင်းမှ ဆီးကြိုပြီး မေးလိုက်တော့ ရောင်နေရယ်ကာ သုခဆီလက်ညှိုးထိုးပြသည်။

"သူစားချင်တာ အတင်းဝယ်ကျွေးခိုင်းနေလို့။"

"ဘာလဲ မင်းရောစားမလို့လား။ အဲဒါဆို ထပ်ဝယ်ကျွေးခိုင်းလိုက် မင်းကိုကြီး အသေကပ်စေးနည်းတာ သိလိမ့်မယ်။"

သုခစကားကြောင့် ရောင်နေနဲ့ရောပြီး ပြုံးလိုက်သော်လည်း မင်းကွတ်သီးအိတ် မြင်လိုက်ကတည်းက လင်း စိတ်ထဲ အောင့်သက်သက်။ ကြိုးကြိုးစားစားနဲ့ ကုထုံးအောင်မြင်လာတဲ့ သုခကို ဘာစားချင်လဲ၊ ဘာလုပ်ချင်လဲ၊ ဘယ်သွားချင်လဲ အကုန် သူက လိုလေသေးမရှိ ဖြည့်စည်းပေးချင်ပေမယ့် သူ့အလုပ်တွေနဲ့သူကို မအားတာကြောင့် မနက်စာတောင် သုခတို့ဘာစားလိုက်ကြလဲ သူမသိ။ ပိုက်ဆံအိတ်ယူထားဖို့ သုခကိုပြောတော့လည်း မင်းသားက လစ်ခနဲဆို ကိုကြီးကို ဝယ်ကျွေးခိုင်းပြီးသွားပြီ မဟုတ်လား။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now