ရင်ခုန်သံရထားလေး တငြိမ့်ငြိမ့်

2.2K 236 68
                                    

အပိုင်း တစ်ဆယ့်ကိုး

ရင်ခုန်သံရထားလေး တငြိမ့်ငြိမ့်

ဘူတာရုံတစ်ခုမှာ လူတစ်ယောက်ဆင်းသွားလေတိုင်း ရင်တွေကွဲခဲ့ရ။ ဒီခရီးကို ငါတစ်ယောက်တည်း စိတ်တွေနဲ့တင်း မှောင်းနှင်ခဲ့ရတယ်။

ရင်ခုန်သံဆိုတာ ဝုန်းဒိုင်းကျဲနေမှလား။ တိတ်တိတ်ကလေးနဲ့ ဆိတ်ဆိတ်ကလေး။ ပြီးတော့ တမြေ့မြေ့လေးဆွေး၊ တရိပ်ရိပ်နဲ့နာကျင်။ အဲလိုမျိုး ငါမင်းကို ရင်ခုန်နေမိတယ်။

ဗုဒ္ဓက ပြောကြားခဲ့တယ် "သဗ္ဗေသက္ကာ ကမ္မသကာ" သတ္တဝါတစ်ခု ကံတစ်ခုတဲ့။ တငြိမ့်ငြိမ့် လိုက်ပါနေရပေမဲ့ ဒီရထားတွဲလေးပေါ်မှာ ငါအဖော်မဲ့ခဲ့ရပါတယ်။

.....................

"Asexual (ace) ဆိုတာ အဓိကအချက်ကတော့ အခြားသူအပေါ် လိင်သဘောဆန်ဆန် တက်မက်တဲ့အတွေးတွေ မရှိတာ။ လိင်ဆက်ဆံလိုစိတ် မရှိတာလို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲ့တာက ချစ်တဲ့စိတ်မရှိတာနဲ့တော့ မဆိုင်ဘူး။ ချစ်လည်း ချစ်တတ်သလို ကြင်ကြင်နာနာ ယုယုယယလေးတွေ လုပ်ရတာလည်း သဘောကျတယ်။ ယေဘူယျအနေနဲ့တော့ အဲ့လိုပြောလို့ရပေမယ့် ဒါကလည်း အေ့စ်တိုင်းက လုံးဝတစ်ပုံစံတည်းလို့တော့ ဆိုလို့ဘယ်ရမလဲ။ တစ်ချို့ကျလည်း သူတို့ချစ်တဲ့သူက ဖြည့်စည်းခိုင်းရင် အတိုင်းအတာတစ်ခုအထိ ဖြည့်စည်းပေးနိုင်တဲ့ အေ့စ်တွေလည်း ရှိပါတယ်။ ချစ်တတ်တယ်ဆိုကတည်းက ကိလေသာကုန်ခမ်းနေတဲ့ သူတော်စင်တွေမှ မဟုတ်တာ။"

သုခမျက်နှာက ညှင်းသိုးသိုးပုံစံဖြင့် ထိုမေးခွန်းတွေကို သူမေးလို့သာ မဖြေချင်ဘဲ ဖြေနေရသလို။ ရောင်နေ လှည့်ကြည့်လိုက်တော့ ဆံပင်တွေကို လက်နဲ့ဖွလိုက်ပြီး စိတ်ရှုပ်သွားသလိုမျိုး လုပ်လိုက်သည်။ အခုမှ ဘာတွေထကြောင်နေမှန်းမသိဘူးဆိုသည့် အမူအယာမျိုးဖြင့်။

"လင်းအကြောင်းသိချင်တာ လင်းကို သွားမေးပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဖြစ်တည်မှုတွေက အတိအကျတူတာမှမဟုတ်တာ။ အဲ့ကောင်ကို စိတ်တိုလွန်းလို့ သူ့အကြောင်း ဘာမှကို မပြောချင်ဘူး။"

ရောင်နေပြန်ကြည့်လိုက်တော့ ချက်ချင်း မျက်နှာကို လမ်းမဘက်ဆီလှည့်သွားကာ ကားမှန်ကို ဖွင့်နေလေသည်။ ကားထဲတိုးဝင်လာသည့် လေတွေကြောင့် ဆံပင်တွေဖွာလန်ကျဲသွားသည့် အရသာကို ဘေးကနေ မျက်စိနှစ်လုံးမှိတ်ပြီး ဇိမ်ယူနေလေရဲ့။ သုခပြည့်လျှံဟာ ဘာစိတ်ကူးပေါက်ပြီး ဟိုတလောက အနက်ရောင်ဆံပင်တွေကို အနီရောင်ပြန်ဆိုးထားသည်မသိ။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Hikayelerin yaşadığı yer. Şimdi keşfedin