Summary

1.9K 52 1
                                    

Unicode

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသော ဟမ်းစတားလေး

ဟမ်းစတားလေး - "Daddy Daddy ကျွန်တော်မှာ စားစရာတွေရှိတယ်၊ ဒါတွေအကုန်လုံးက Daddyအပိုင်ပါ၊ ကျွန်တော့်ကိုတောင်မှပဲ။"

ဝူယီ(1)ဟာ ချို့ချို့(2)လို့ချစ်စနိုးခေါ်တဲ့ ဟမ်းစတားငယ်လေးတစ်ကောင် ဖြစ်ပါသည်။ သူ့မှာအလွန်ကြည့်ကောင်းပြီးဆွဲဆောင်မှုရှိတဲ့ ပိုင်ရှင်ရှိတဲ့အပြင် နေ့ရက်တိုင်းကိုလည်းပူပင်သောကမရှိဘဲ ပျော်ရွှင်စွာနေထိုင်ဖြတ်သန်းခဲ့သည်။

ဒါပေမယ့် တစ်နေ့တွင်ကမ္ဘာပေါ်၌ Zombie အကျပ်အတည်း ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံး ကမ္ဘာပျက်ကပ်အတွင်းသို့ကျရောက်သွားတော့သည်။ Zombie ထွက်ပေါ်လာခြင်းနှင့်အတူ လူသားများနှင့် တိရစ္ဆာန်များတွင်လည်း ပထမဆုံး စွမ်းအင်အသုံးပြုနိုင်သောသူများ နိုးကြားလာကြသည်။

ဟမ်းမတားလေး အိပ်နေရာကနေ နိုးတဲ့‌နေ့တွင် သူကလည် သူ၏ Daddyနှင့် တူတဲ့ ခြေနှစ်ချောင်းသတ္တဝါဖြစ်သွားပြီး သူ့ရဲ့ပါးနှစ်ဖက်မှာရှိတဲ့ အစာသိုလှောင်တဲ့နေရာက အင်မတန်ကြီးမားနေတာကို တွေ့လိုက်ရတယ်။

ဒီတွေ့ရှိမှုတွေကြောင့်ဟမ်းစတားလေးက ပျော်မဆုံး ဖြစ်ကားမြေပြင်ပေါ်မှာ လူးလိမ့်နေခဲ့တယ်။ ယခုသူပထမဆုံးလုပ်ချင်တဲ့အရာကတော့ သူ့Daddyကို ပြောပြဖို့ပါပဲ။

အဆုံးမရှိတဲ့စမ်းသပ်မှုတွေကိုကြံ့ကြံ့ခံကျော်ဖြတ်ကာ တောင်တွေကိုတက်လို့ ပင်လယ်တွေကိုသိမ်းပိုက်ပြီးတဲ့အခါမှဟမ်းစတားလေးဟာ သူ၏Daddyကို သေလောက်‌အောင်အန္တရာယ်ဖြစ်နေတဲ့အချိန်မှာတွေ့ရှိခဲ့သည်။

------------------------------------------------------------

၎င်းနောက် နျဲ့ရှောင် သည် အဆင့်သုံး Zombie ပါးစပ်မှ ကယ်တင်ခံလိုက်ရသည်။

"Daddy သား နောက်ဆုံးတော့ Daddy ကိုရှာတွေ့ခဲ့ပြီ။"

နျဲ့ရှောင်က အံ့အားသင့်သွားခဲ့သည်

"..."

"ဘာဖြစ်တာ? ဘယ်သူက မင်း ရဲ့ Daddyလဲ"

အခြေစိုက်စခန်းကလူတိုင်းက လက်ချိုးကာရည်တွက်ချက်ကြည့်ကြတော့သည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now