Chapter 3.3

138 28 0
                                    

Unicode
"ကျွန်တော်တို့က အမိမြေကို အခုမှ ဆင်းသက်ခဲ့ပြီး မိုဟေးကို သွားတဲ့လေယာဥ်ကို စောင့်နေတာ။"

Ning Feng ၏ ကျယ်လောင်သော အသံသည် ချန်နယ်မှ ထွက်ပေါ်လာပြီး Duan Wenyu သည် လူများကြားထဲတွင် သူ့ကို မဆုံးရှုံးစေရန် သူ့လက်ကို ဆုပ်ကိုင်ထားသည်။

“ဒီခရီးက အရမ်းဒုက္ခရောက်တယ်။  Kaichun အတွက် လက်မှတ်တွေက ဝယ်ရခက်တယ်။  Duan-ge ဒီမှာမရှိခဲ့ဘူးဆိုရင် မီးပုံးပွဲတော် မပြီးမချင်း ဒီကိုရောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။”

"အရင်က ဟာဝိုင်ရီမှာ မင်းလမ်းပျောက်မှာကို ငါကြောက်လို့ မင်းကို ကြီးကြပ်ဖို့ လာခဲ့တာလို့ ငါပြောတော့ မင်းကမယုံဘူး"  Duan Wenyu က အားအင်တွေပြည့်နေသော ဆယ်ကျော်သက်လေးကို ရှေ့သို့ ဆွဲခေါ်ရင်း ပြုံးလျက် ပြောသည်။  လူအုပ်ကြီးက ဆူညံနေသော်လည်း သူတို့အားလုံး နားကြပ်တပ်ထားကြသောကြောင့် အချင်းချင်း မကြားဝံ့မနာသာ ဖြစ်နေကြသည်။

"မင်းက ငါ့အဖေလား!"

"အင်း သားလေး လိမ္မာတယ်"

ဒီစကားကိုကြားတော့ မိုင်ထောင်ချီဝေးတဲ့ Wu Wenqi က ရှက်စိတ်ကို မထိန်းနိုင်ဘဲ “ဒါဆို မင်းရောက်လာတဲ့အချိန်ကျရင် ငါတို့အားလုံး ဒီကိုရောက်ပြီး မစ်ရှင်စတင်ဖို့ အဆင်သင့်ဖြစ်မယ်ထင်တယ်”

“အဲဒီအခါကျ မိုဟေးမှာ ပတ်လည်မယ်။”  Ning Feng က အရှက်မဲ့စွာပြောသည်။  "မင်းတို့အားလုံး နည်းနည်းပိုပြီး စိတ်အားထက်သန်မှုနဲ့ တိုက်ပွဲဝင်ကြမှ ငါလည်းမြန်မြန်သွားပြီးတော့ နှင်းလျှောစီးလို့ရမှာပေါ့။"

လူတိုင်း: "…"

ငယ်ပေမယ့် မျက်နှာက အရမ်းအရည်ထူတယ်။

Xiao Yan က ငြိမ့်ညောင်းစွာ ချောင်းဟန့်လိုက်ကာ နျွဲ့ရှောင်ကို ခေါ်လိုက်သည်။ "ဘော့စ်၊ မင်းရောက်ပြီလား"

“ရောက်ပြီ။”

Nie Xiao တိုတိုတုတ်တုတ် ဖြေရင်း တံခါးကို တွန်းဖွင့်လိုက်သည်။  ဟိုတယ်ခန်းထဲကို ဝင်သွားပြီးတော့ ကျောပိုးအိတ်ကို ဖြည်လိုက်တယ်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now