Chapter 5.4

167 22 0
                                    

Long time no see ပေါင်ပေါင်တို့ရေ

ရေဗင် ပြန်လာပါပြီနော်

Unicode

Duan Wenyu  -ဒွမ်ဝမ်ယူ
Ning Feng       -နင်းဖုန်
Wu wenqi        -ဝူဝမ်ချီ
Xiao Yan         -ရှောင်ယန်

သို့သော်လည်း ဤသည်မှာ ကမ္ဘာတစ်ဝှမ်းတွင် လက်ရှိဖြစ်ပေါ်နေသော မငြိမ်မသက်မှုများနှင့်ယှဉ်ရင် ရေခဲတောင်၏ ထိပ်ဖျားလေးသာဖြစ်သည်။

နင်းဖုန် သည် ဒွမ်ဝမ်ယူ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ဆို့ထားသည်ကို ကြည့်ကာ ခြောက်သွေ့နေသော နှုတ်ခမ်းကွဲများကို လျက်လိုက်ပြီး  အားနည်းစွာ ထထိုင်လိုက်သည်။ 

"ဒွမ်-ge ကိုယ့်ဘာသာ လူနည်းပြီး လုံခြုံတဲ့ နေရာကို သွားရှာပါ။ ကျွန်တော် ဖုတ်ကောင်တွေအကြောင်း ဝတ္ထုတွေဖတ်ဖူးတယ်၊ အစပိုင်းမှာ အဖျားတက်ပြီး ဖျားနာတဲ့သူတွေက ဖုတ်ကောင်ဖြစ်လာတဲ့ အမြောက်စာခံဇာတ်ကောင်တွေ ဖြစ်လာနိုင်ခြေများတယ်။"

"ဒါကြောင့်Geမြန်မြန်ပြေးသင့်တယ်"

"မဟုတ်ဘူး မင်း Ge ရဲ့အသက်ကို မင်းကယ်ခဲ့တာ၊ မဟုတ်ရင် ငါတို့ အခုပဲ လေယာဉ်ပျက်ကျပြီး သေနေလောက်ပြီ။"

အဖျားကြီးနေတဲ့ နင်းဖုန် နဲ့ ယှဉ်ရင် ရှောင်ယန် ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပိုစိုးရိမ်စရာ ကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ ဖုတ်ကောင်တွေမှာ ခန္တာကိုယ်အပူချိန်မရှိသောကြောင့်ဖြစ်သည်။
ရှောင်ယန်က လေးနက်သော မျက်နှာထားရှိသော နျဲ့ရှောင်နှင့် ဝူဝမ်ချီတို့ကို ကြည့်ရင်း သူမ၏ ခရမ်းရောင်ဖျော့နှုတ်ခမ်းများမှ ရှားပါးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူမသည် အလွန်အားနည်းနေပြီး သူမ၏ပါးစပ်သည် ခြောက်သွေ့မှုများ ပြည့်နှက်နေသော်လည်း သူမသည် လူတိုင်းနှင့် ဟာသလုပ်နိုင်သေးသည်။

"ငါနဲ့ဝေးဝေးနေ မဟုတ်ရင် မင်းကိုနောက်မှကိုက်တဲ့အခါ သတိထားနေ။
"ဒီတစ်ခါတော့ ငါသေတာထက် ပိုအေးေနတယ်"

ရယ်စရာကိစ္စလုံးဝ မဟုတ်ချေ။ အဲလ်ကွန်းရီမုတ်ကိုကိုင်ကာ လေအေးပေးစက်၏အပူချိန်ကို အပူဆုံးဖြစ်အောင်ညှိရင်း နျဲ့ရှောင်၏နှုတ်ခမ်းများသည် တင်းကျပ်စွာဖြောင့်တန်းသွားခဲ့သည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now