ဝူယီဟာဟမ်းစတားလေးတစ်ကောင်ပါ(1)

479 43 1
                                    

Chapter1.1

Unicode

တရုတ်နှစ်သစ်ကူးရက်များကုန်ဆုံးတော့မည်၊ အိမ်အပြင်ဘက်ရှိ မြက်ခင်းပြင်များတွင် အနီရောင်မီးရှူးမီးပန်းများ၏အကြွင်းအကျန်များပြန့်ကျဲနေသည်၊ ရာသီဥတုက မနွေးလာသေးဘဲ အသက်ရှူထုတ်လိုက်တာနှင့်ပင် အာငွေ့ကိုအဖြူရောင်မြူခိုးတွေအဖြစ် မြင်တွေ့နိုင်‌လောက်အောင်ပင်ချမ်းအေးလှသည်။

အပြင်ကအအေးဓာတ်နဲ့ယှဉ်လျှင် အိမ်အတွင်းတွင် အပူချိန်ပို၍မြင့်မားနေခဲ့သည်၊ နွေးထွေးလွန်း၍လူတွေမှာအိမ်တံခါးဝကနေ ခြေတစ်လှမ်းမှမထွက်ချင်ကြအောင်ဖြစ်ကြရသည်။ မနက်ခင်းစောစောများ၌အိပ်ယာခင်းထဲမှနွေးထွေးမှုကို ခံစားရနိုင်‌လေသောအကြောင်းရင်းကတော့ဖြင့် လူပေါင်းများစွာအိပ်ယာထဲတွင်ကွေးနေချင်ကြတဲ့ အကြောင်းရင်းပင်ဖြစ်လေသည်။

---------------------------------------------------------

Yuncheng၊ Fengshan ဗီလာ ဧရိယာ။

တောင်ပေါ် တစ်ဝက်လောက်တွင်တည်ရှိတဲ့ ဥရောပပုံစံ စံအိမ်ကြီးထဲတွင်ဥပတိရုပ်ရည်ကြည့်ကောင်းသောလူတစ်ယောက်သည်ကုတင်ကြီးပေါ်၌လှဲလျောင်းကာနေသည်။ သူသည် ဤမျှအေးခဲသောရာသီတွင် စောင်၏နွေးထွေးမှုဖြင့်အကာအကွယ်ယူထားသူများထဲမှတစ်ဦးဖြစ်ပုံရသည်။

သူ့မျက်လုံးများသည် ရှင်းရှင်းလင်းလင်းပွင့်နေကား အပြည့်အ၀နိုးနေပြီဖြစ်သော်လည်း အိပ်ယာမှထရန် ကြိုးစားထားမည့်အရိပ်အယောင်မရှိပါပေ။

ထိုအမျိုးသားသည်အပေါ်မျက်နှာကျက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ကုတင်ပေါ်တွင်လှဲလျောင်းရင်းအချိန်ဖြုန်းနေမှန်းသိသာလှသော်လည်း သူ့မျက်လုံးများသည် ယခုအချိန်တွင် သူ့ဘဝ၏ကြီးကျယ်သောဘ၀အဖြစ်အပျက်တစ်ခုအကြောင်းအားတွေးနေသကဲ့သို့ လေးနက်မှုအပြည့်ရှိနေသည်။

တစ်ယောက်ယောက်က သူ့ကိုမြင်ရင် သေချာပေါက်အဲဒီ့လိုတွေးမိမှာပဲ!

အဘယ်ကြောင့်ဆိုသော် အိပ်ရာပေါ်တွင်အလေလိုက်နေခြင်းဆိုသည့် မရင့်ကျက်သောအမူအရာသည် ဤမျှကြမ်းတမ်းသည့်ပုံရှိသော ယောက်ျားနှင့် မည်သို့မှဆက်စပ်ကြည့်လို့ရမည့်အရာမဟုတ်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now