ဝူယီကအထီးကျန်တဲ့ဟမ်းစတားလေးပါ

151 28 1
                                    

Chapter 3.1
Unicode

Ning Feng နှင့် Duan Wenyu တို့သည် ရဲများက ပစ်မှတ်ကို မရှာဖွေမီ မစ်ရှင်ပြီးဆုံးအောင်လုပ်ဆောင်ရန် မိုဟေး တွင် ၎င်းတို့၏ ရဲဘော်များနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ လူတိုင်းက သီးခြားစီဆောင်ရွက်ရန် ဆုံးဖြတ်ထားကသဖြင့် Ning Feng နှင့် Duan Wenyu တို့သည် Hawaii မှထွက်ခွာလာချိန် Wu Wenqi နှင့် Xiao Yan တို့သည်လည်း သက်ဆိုင်ရာနေအိမ်မှ ထွက်ခွာလာခဲ့ကြသည်။

အားလုံးက ချက်ချင်းပြင်ဆင်လုပ်ဆောင်နေကြသဖြင့် နျွဲ့ရှောင်သည်လည်း ခပ်မြန်မြန် ထုပ်ပိုးပြီး ဟမ်စတာလေးကို နှုတ်ဆက်နေခဲ့တယ်။

ကောင်လေးက ခရီးဆောင်အိတ်ဘေးမှာ ငုတ်တုတ်ထိုင်နေပြီး သူ့မျက်လုံးလေးများသည် မှုန်ကုပ်ကုပ်ဖြင့် နျွဲ့ရှောင်က သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေတာကို ကြည့်ရင်း သူ့မျက်နှာက တုံ့ဆိုင်းနေပြီး ညည်းညူသံတွေနဲ့ ပြည့်နေတယ်။

ရေအေးနဲ့ဆေးခြင်းခံထားတဲ့ ဂေါ်ဖီထုပ်သေးသေးလေးလိုပဲ သူက ညှိုးနွမ်းနေပုံရသည်။  တစ်စက္ကန့်လောက်တုန်းက သူ့Daddyနဲ့ အလုပ်သွားဖို့ စိတ်အားထက်သန်စွာနဲ့ Daddyရဲ့ လျင်မြန်တဲ့ သူရဲကောင်းဆန်တဲ့ ပုံစံကို မြင်နိုင်မယ်လို့ စိတ်အားထက်သန်စွာ တွေးလိုက်မိပေမယ့် သိပ်မကြာခင်မှာပဲ ရာသီဥတုကြောင့် ကျန်နေခဲ့ရပြီး ကွဲကွာသွားခဲ့ရတယ်လို့ ပြောလာတော့ ဘယ်သူမဆိုစိတ်မကောင်းဖြစ်မှာဘဲ။

အဲဒါကို တွေးလိုက်ရုံနဲ့ သူ့နှလုံးသားကို နာကျင်စေသည်။

ဟမ်းစတားလေးသည် နျွဲ့ရှောင်၏ အရပ်ရှည်ရှည်နှင့် မြင့်သောရုပ်သွင်ကို စိုက်ကြည့်ကာ သူ့လက်ဖဝါးအရွယ် ခန္ဓာကိုယ်သေးသေးလေးကို ကြည့်လိုက်ပြီး  ရုတ်​တရက်​ဝမ်းနည်း​သွားကာ သက်​ပြင်းချလိုက်သည်​။

သူလည်း Daddy၊ လို ခြေနှစ်ချောင်းရှိလျင် ကောင်းမှာပဲ Chiwoo
ဟမ်စတားလေးကို ကြည့်လိုက်မိသည့် နျွဲ့ရှောင်ဟာ အဝေးကနေတောင် ကလေးလေးရဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့ မကျေနပ်မှုတွေကို ခံစားရပြီး ဟမ်းစတားလေးအနားတစ်ဝိုက်တွင်မိုးရွာနေသလိုအုံ့ဆိုင်းနေသဖြင့် အပြစ်ရှိသလို ခံစားနေခဲ့မိပါသည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now