chapter 1.3

225 28 1
                                    

Unicode
နျဲ့ရှောင်သည် နှုတ်ခမ်းများပေါ် သေးငယ်သော အပြုံးတစ်ခုဖြင့်   အညံ့မခံသော ဟမ်စတားလေးကို မနက်စာစားရန်အတွက် အောက်ထပ်သို့ လန်းဆန်းစွာ သယ်ဆောင်လာခဲ့သည်။  ဗီလာရှိ အစေခံများသည် အစားအသောက်ကို စောစောပြင်ဆင်ပြီး ပန်းကန်ခွက်ယောက် နှစ်စုံကို စားပွဲပေါ်တွင် တင်ထားကြသည်။

သာမာန်အရွယ် အစုံနှင့် သပ်ရပ်စွာ ဒီဇိုင်းထုတ်ထားသော သေးငယ်တဲ့ အစုံ။

နျဲ့ရှောင်ထိုင်ပြီးတာနဲ့  ဟမ်စတားလေးကို စားပွဲပေါ်တင်လိုက်တယ်။  ဟမ်းစတားငယ်လေးသည် ထမင်းပန်းကန်လုံးထဲတွင် လတ်ဆတ်သော ဆန်စေ့ပြောင်းစေ့ ရဲ့ မွှေးရနံ့ ကိုရှုသွင်းလိုက်သည်။  သူ ဗိုက်အလွန်ဆာနေသဖြင့် အူတွေတောင် တဆတ်ဆတ်တုန်နေသည်။  သူ အမြန်ပြေးပြီး သူ့ဇလုံလေးကို ကိုင်လိုက်သည်။  သူ့သွားလေးတွေနှင့် တတိတိ ကိုက်ကာစားရင်း သူ့လက်သည်းသေးသေးလေးတွေက စပါးစေ့တွေကို တစ်စေ့ပြီးတစ်စေ့ မြန်မြန်ဆန်ဆန်ကောက်လျက် ချစ်စဖွယ်စားခဲ့သည်။
နျဲ့ရှောင်သည် အေးအေးဆေးဆေးသပ်ရပ်စွာ စားနေရင်း မပြုံး၍မနေနိုင်ပေ။

ဗိုက်ပြည့်အောင်ဖြည့်ပြီးနောက် ဟမ်စတားငယ်လေးသည် စားကြွင်းစားကျန်အချို့ရှိနေသည့် ထမင်းပန်းကန်လုံးလေးကို တစ်ချက်ကြည့်လိုက်ကာ သိုလှောင်မှု လုပ်ရန်သဘောဖြင့် ကျန်သော အစေ့အဆံများကို  ပါးပြင်နှစ်ဖက်ရှိအိတ်ထဲသို့ ထည့်ကာသိမ်းခြင်းကြောင့် ပါးပြင်နှစ်ဖက်စလုံး ဖောင်းထွက်လာသည်။

ပြည့်ဖောင်းနေသော မျက်နှာလေးသည် ချစ်စရာကောင်းလွန်းသဖြင့် နင်းရှောင်သည် ၎င်းကို ပွတ်သပ်ရန် လက်ချောင်းများကို ဆန့်မထုတ်ဘဲ မနေနိုင်ပေ။  ဤပွတ်သပ်မှုကြောင့် ဟမ်စတားလေးသည် “ဂိုဒေါင်ဖွင့်ပြီး ကုန်ပစ္စည်းများကို စွန့်ပစ်ခြင်း”(1)လုပ်ဆောင်လုနီးပါး ဖြစ်စေခဲ့သည်။

ကံကောင်းထောက်မစွာ၊ သူရဲ့လက်သည်းသေးသေးလေးတွေက ပါးစပ်ကို မြန်မြန်ဖုံးပြီး အစာတွေ ထွက်မလာအောင် တားဆီးလိုက်နိုင်တယ်။

ဟမ်စတာလေးဟာ ဝမ်းနည်းပူဆွေးမှုကို မခံစားနိုင်ဘဲ ခေါင်းကို ချက်ချင်းမော့ပြီး အရှက်မဲ့တဲ့ Daddyကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။  ဒီလူက သူ့Daddyသာ မဟုတ်ရင် အသေသတ်ပစ်မိမှာ သေချာတယ်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now