chapter 4.2

166 24 4
                                    

4.2
မွန်းလွဲပိုင်းတွင် မိုးဟေမြို့နယ်၊

Nie Xiao နှင့် အခြားနှစ်ယောက်သည် အပြင်မထွက်မီ ဟိုတယ်တွင် နေ့လည်စာစားပြီး ခဏအနားယူခဲ့ကြသည်။  Duan Wenyu နှင့် Ning Feng မရောက်သေးသော်လည်း မစ်ရှင်ပစ်မှတ်၏ ခြေရာများကို ကြိုရှာရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့သုံးယောက်ဟာ ရုပ်ဖျက်ထားပြီး တစ်ချက်ကြည့်လိုက်လျှင် ချောမောလှပတဲ့ မိန်းမချောလေးနှင့်ယောက်ျားလေးနှစ်ယောက်ပါတဲ့ သာမန်အားလပ်ရက်ခရီးသွားအဖွဲ့နဲ့သာတူသည်။

ပစ်မှတ်ကိုရှာဖွေရာတွင် Duan WenYu သည် အလွန်ကျွမ်းကျင်သော်လည်း Mohe သည် အထူးကြီးမားသောဧရိယာမဟုတ်သည့်အပြင် ဒေသခံအများအပြားလည်းမရှိပေ။  ရဲတွေက အလိုရှိတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းချင်ရင် ဆူပူအုံကြွမှုကို ရှောင်လို့ရမှာမဟုတ်ချေ။

တကယ်တော့ နျွဲ့ရှောင်က အခြေအနေကို မမေးခင်မှာပင် သူ့ရှေ့သို့စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

လမ်းသွားလမ်းလာများနှင့် ခရီးသွားများသည် ဥဩသံဆူညံနေသာ ရဲကားတစ်စီး ဖြတ်သွားသဖြင့် လှည့်မကြည့်ဘဲမနေနိုင်ကြချေ။  ဤအရေးတကြီးစေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့၏ဦးတည်ရာကို နျွဲ့ရှောင်သည် လှမ်းကြည့်လိုက်ပြီး နောက်ကလိုက်ကြည့်ရမည်ဟု သိလိုက်သည်။

အာရုံစိုက်ခံရခြင်းကို ရှောင်ရှားရန်အတွက် နျွဲ့ရှောင်နှင့် အခြားသူများသည် ကားကို ဝိုင်းပတ်မောင်းနှင်ခဲ့ပြီး အနီးနားရှိ လယ်ယာအိမ်တစ်ခုတွင်ရပ်ထားကာ ဆင်းခဲ့ကြသည်။  ထို့နောက် လူတွေရဲ့ မျက်လုံးတွေကို တိတ်တဆိတ် ရှောင်ရှားပြီး ရဲတွေ ပိတ်ဆို့ထားသော နှင်းဖုံးနေတဲ့ တောအုပ်ထဲသို့ တခြား ဦးတည်ရာဘက်မှ ဝင်သွားခဲ့သည်။

အဝေးမှ Wu Wenqi သည် အနည်းငယ်မြင့်သော နေရာကို ရှာတွေ့ခဲ့ပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားခဲ့သည်။  သူသည် သူ၏ မှန်ပြောင်းကို ထုတ်ကာ ဥဩသံများ ထွက်နေသည့် နေရာကို ကြည့်လိုက်သည်။

နှင်းထုပေါ်ရှိ အနီရောင်အစွန်းအထင်းများသည် အလွန်ထင်ရှားသည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now