Chapter 5.2

171 25 1
                                    

Unicode
Duan Wenyu  -ဒွမ်ဝမ်ယူ
Ning Feng       -နင်းဖုန်
Wu wenqi        -ဝူဝမ်ချီ
Xiao Yan         -ရှောင်ယန်

နင်းဖုန် သည် ယခုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး လူတိုင်း၏ စကားဝိုင်း၏ အစိတ်အပိုင်းများကိုသာ ကြားနေရသော်လည်း တစ်ခုခုဖြစ်နေတယ်ဆိုတာကို ခံစားနိုင်ပါသေးတယ်။ ဖုန်းထဲမှ ဝူဝမ်ချီ၏ အော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခြမ်းကို ထောက်ကာ ထလာပြီး စိုးရိမ်သောမျက်နှာဖြင့် မေးလိုက်တယ်။
"ဒွမ်-ကော ယန်Jieဘာဖြစ်တာလဲ၊သူတို့?”
(Jie= အစ်မ,ကော= အစ်ကို)
"မင်း ကိုယ့်ကိုကိုယ်သာ ဂရုစိုက်စမ်းပါ!"

ဒွမ်ဝမ်ယူ သည် တခဏချင်း ပြိုပျက်သွားမယ့်ပုံပေါ်နေတဲ့ နင်းဖုန် ၏ နီမြန်းနေသော ပါးပြင်တွေကိုမြင်သွားသည်။ သူသည် လက်ပ်တော့ကို ချက်ချင်းဘေးသို့ရွှေ့လိုက်ပြီး အကူအညီပေးရန် လျင်မြန်စွာ လှမ်းလိုက်သော်လည်း သူ့လက်ဖဝါးမှ ပူကျစ်နေသော အပူချိန်ကြောင့် တုန်လှုပ်သွားခဲ့သည်။

"ဘာလို့ အရင်ကထက် ပိုပူနေတာလဲ"

နျွဲ့ရှောင်သည် ဒွမ်ဝမ်ယူ ၏ စကားကိုကြားပြီး အခြေအနေပိုဆိုးသွားခဲ့တယ် ။ သူက ဖုန်းကို အဖွဲ့ရဲ့နားကြပ်ထဲကို တိုက်ရိုက်ချိတ်ဆက်ပြီး
"ဝမ်ယူ၊ နင်းဖုန် လည်း နေမကောင်းဘူးလား?"

“အင်း၊ ငါတို့ လေယာဉ်မတက်ခင်မှာ သူ ရုတ်တရက် အဖျားကြီးလာလို့ ငါတို့ လေယာဉ်ကို လွတ်သွားတယ်။ သူက လေဆိပ်ဆေးရုံမှာ IV ချိတ်ထားပြီး ရေတစ်ပုလင်းလုံးနီးပါးကို သောက်လိုက်ပေမယ့် သူ့ကိုယ်အပူချိန်က ပြန်တက်လာနေတာ။”

ဒွမ်ဝမ်ယူ က နင်းဖုန် ကို လှဲအိပ်ခိုင်းပြီး ပြန်ပြောလိုက်တယ် ။ နင်းဖုန် ၏နဖူးပေါ်ကျနေသောဆံပင်ကို ပြန်တင်ပြီး အနည်းငယ်စိတ်ပူနေကာ နင်းဖုန်အား စိတ်အေးစေရန်အရက်ပြန်သုတ်ပေးသည်။ ပုံမှန်ဆိုရင်မြှောက်တက်နေတတ်တဲ့ သူ့ပါးစပ်ထောင့်တွေဟာ အခု မြေကြီးထဲကိုနစ်ဝင်နေပြီဖြစ်တယ်။

ဝူဝမ်ချီ သည် နားကြပ်ထဲတွင် ဒွမ်ဝမ်ယူ ၏ အဖြေကို ကြားပြီး တံခါးကို ကျယ်လောင်စွာ ထုရင်း မဆဲဘဲမနေနိုင်ချေ "ေ*က်ငရဲဘဲ၊ ဒီဟာက သာမန်နေ့သာဆိုရင် ဘာမှဖြစ်မှာ မဟုတ်ပေမယ့် ငါတို့ထဲကနှစ်ယောက်တောင် ရုတ်တရက် အဖျားကြီးလာတာကတော့!"

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now