Chapter2.3

136 23 1
                                    

Chapter 2.3
Unicode
"ရဲတွေကို အနှောင့်အယှက်ပေးရမယ်။  အဲဒါကို ပြန်တွေးကြည့်တော့ နည်းနည်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။”

နင်းဖန် ကစိတ်လှုပ်ရှားစွာ ပြောသော်လည်း မိုဟေး၏ ရာသီဥတုကို သတိရသောအခါတွင် သူ စိတ်ဓာတ်ကျလာပြန်သည်။  “ဒါပေမယ့် နွေးနွေးထွေးထွေးရှိတဲ့ ဟာဝိုင်အီကို ထွက်ခွာပြီး အေးခဲပြီး ချမ်းစိမ့်နေတဲ့ မိုဟေးကို ဘာကြောင့် သွားရမှာလဲ။  အရမ်းဝေးပြီ၊ အရမ်းဒုက္ခများတာပဲ QAQ"

"မင်းတို့ နိုင်ငံကိုသာ မြန်မြန်ပြန်လာကြစမ်းပါ" ဝူဝန်းချီ က ရယ်ပြီး ကြိမ်းမောင်းလိုက်တယ် "မင်း အေးခဲနေဖို့ ထိုက်တန်တယ်!"

"ခင်ဗျားက အရမ်းရက်စက်လွန်းတယ်။"

နျွဲ့ရှောင် သည် “မိုဟေး” ဟူသော စကားလုံးကို အာရုံစိုက်ထားပြီး ယခုအချိန်တွင် အပြစ်ကင်းစင်ပြီး မသိနားမလည်မှုတွေပြည့်နှက်နေသော မျက်နှာဖြင့် သေးငယ်သော ဒန်းလေးပေါ်တွင် စီးနေသော ဖက်ထုပ်လေးကို တစ်ချက် ငုံ့ကြည့်လိုက်သည်။
နျွဲ့ရှောင်ကြည့်နေတာကို သတိထားမိသွားတဲ့ဖက်ထုပ်လေးက သူ့ခေါင်းကို စောင်းပြီးပြန်ကြည့်လိုက်သည့်။

"Chi !?"

"ကလေး၊  Daddy ဒီတစ်ခါတော့ ငါးစားဖို့ မခေါ်နိုင်တော့ဘူး"  နျွဲ့ရှောင်သည် ထိုင်ခုံမှထကာ အရုပ်အိမ်ရှေ့တွင် ထိုင်လိုက်ပြီး ရက်စက်သောသတင်းကို ဝမ်းနည်းစွာကြေညာလိုက်သည်။

“!!!!!!”  ဟမ်းစတားလေးဟာ ဤသတင်းကြောင့် ထိတ်လန့်သွားပြီး ကြိုးဒန်းပေါ်ကနေ ချက်ခြင်းပြုတ်ကျသွားသည်။  နျွဲ့ရှောင်သည် ဟမ်စတာလေးကို ဖမ်းရန် သူ့လက်ကို အမြန်ဆွဲထုတ်လိုက်တဲ့အခါ ဟမ်းစတားလေးရဲ့မျက်နှာက သူ့လက်ဖဝါးကို တိုက်ရိုက်နမ်းမိသွားသည်။

နင်းရှောင်သည် ဖက်ထုပ်လေးကို ကိုင်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် ထိုင်ဖို့နေရာချထားလိုက်သည်။  ထို့နောက် မကျေနပ်ချက်များနှင့် ပြည့်နှက်နေသော နက်မှောင်သော မျက်လုံးလေးတစ်စုံကို သူတွေ့လိုက်ရသည်။ သူ့မျက်လုံးများသည် သူ့အား မခေါ်သွားခြင်းကြောင့် မျက်ရည်များ ပြည့်နေပြီဖြစ်သည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now