Chapter 2.2

163 27 1
                                    

Unicode

Xiao Yan ၏ ဝင်ရောက်စွက်ဖက်မှုကြောင့်၊ ငြင်းခုံနေကြတဲ့ လူတစ်စုက စာရွက်စာတမ်းများကိုသာ တိတ်တဆိတ် ကြည့်ရှုနေကြတော့သည်။

ဤလောကတွင် အမျိုးသမီးတစ်ဦးအား ဒေါသထွက်စေခြင်းသည် အဆိုးဆုံးရလဒ်ကို ဆောင်ကြဉ်းပေးသည်။  အထူးသဖြင့် ချောမောလှပတဲ့ အမျိုးသမီးများတွင် ပိုဆိုးသည်။  မိန်းကလေးပိုလှလေ အဆိပ်ပြင်းလေလေ၊  ဒါကြောင့် လုံးဝလိုအပ်သည်မှ လွဲလျှင် ပြောသမျှစကားကိုမြေဝယ်မကျနားထောင်ရမယ်။

“ကောင်းကောင်းမွန်မွန်ဖတ်ကြစို့” ဟု လူသုံးယောက်က တညီတညွတ်တည်း ပြောကြပြီး ယုန်များကဲ့သို့ လိမ္မာသွားကြသည်။

Xiao Yan မျက်ခုံးပင့်သွားသည်။“…” ငါကအဲလောက်တောင် ရက်စက်နေလို့လား။
အသင်းဖော်လေးယောက်ကြား အပြန်အလှန်ဆက်ဆံရေးကိုမြင်သောအခါ နျွဲ့ရှောင်၏မျက်လုံးများတွင် မမြင်နိုင်သောအပြုံးတစ်ခုက ဖြတ်သွားသည်။သူ့လည်ပင်းဘေးရှိ ဖက်ထုပ်သေးသေးလေးကလည်း ပါးစပ်လေးကို လှောင်ရယ်နေသလိုမျိုး လက်သည်းသေးသေးလေးတွေနဲ့ အုပ်ထားသည်။

များမကြာမီတွင်၊ လူတိုင်းသည် မစ်ရှင်ဖိုင်များကို ဖတ်ပြီးသွားကြသည်။

မစ်ရှင်၏ အကြောင်းအရာသည် ပစ်မှတ်ကို ချေမှုန်းရမည့် ရိုးရှင်းသော အလုပ်တစ်ခုမျှသာ ဖြစ်သည်။  ပစ်မှတ်၏ အချက်အလက်ကိုလည်း ဖိုင်ပေါ်တွင် ရှင်းလင်းစွာဖော်ပြထားပါသည်။  ခက်ခဲတဲ့ မစ်ရှင် မဟုတ်ဘူးဆိုတာ သိသာသည်။

သို့သော်လည်း ဘေးကင်းစေရန်အတွက် Nie Xiao သည် ကမ္ဘာ့ထိပ်တန်းဟက်ကာ Duan Wenyu ကို ပိုမိုနက်ရှိုင်းသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။  ဒီလိုရိုးရှင်းပုံရတဲ့ မစ်ရှင်တွေကြောင့် မကြာခဏ ပိတ်မိဖို့ကပိုလွယ်တတ်တယ်။

Duan Wenyuက အမိန့်ကို လက်ခံရရှိပြီး ချက်ချင်းပင် စတင်စစ်ဆေးခဲ့သည်။  သူ၏ ဖောက်ထွင်းမြင်ရသော မှန်ဘီလူးများတွင် ရှုပ်ထွေးသောဒေတာကုဒ်များကရောင်ပြန်ဟပ်နေချိန် သူ၏လက်ချောင်းထိပ်များသည် ကီးဘုတ်ပေါ်တွင် ပျံဝဲနေသည်။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးDonde viven las historias. Descúbrelo ahora