Chapter-(1)

5.9K 687 13
                                    

Unicode

မနက်ခင်းလင်းရောင်ခြည်က လိုက်ကာများကြားမှအေးစက်နေတဲ့ဧည့်ခန်းကြမ်းပြင်ဆီဖြာကျနေသည်။
မီးခိုးငွေ့တွေက အကြင်သူရဲ့စီးကရက်မှတဆင့် အခန်းထဲမြူခိုးငွေ့တွေလို ပျံ့နှံ့သွားသည်။

ထိုစဥ် ဖုန်းမြည်သံတခုကတိတ်ဆိတ်မှုကိုဖြိုခွင်းသွားပြီး ဖုန်းကကော်ဖီစားပွဲမှာတုန်ခါနေသည်။
လက်ဖြူဖြူသွယ်သွယ်တဖက်က စီးကရက်ကိုပြာခွက်ထဲမှာ ထိုးချေလိုက်ပြီး တဖက်ကမြည်နေတဲ့ဖုန်းကို ကိုင်လိုက်သည်။

"ကျိုး မင်းကအရမ်းအလုပ်များတဲ့သူဆိုတာသိပါတယ်။
ရှောင်ယွမ်ရဲ့မွေးနေ့ကရောက်တော့မယ်လေ...ငါတစ်ညလုံးစဥ်းစားနေတာ သူ့ကိုဘာလက်ဆောင်ပေးရမလဲ မသိသေးဘူး...ငါ့ကိုအကြံလေးဘာလေးပေးပါဦး"

ထန်ကျိုးက ဖုန်းကိုspeaker​ဖွင့်လိုက်ပြီး ဆိုဖာပေါ်ကိုမှီချလိုက်သည်။
သူ့မျက်လုံးတွေကနာရီဆီရောက်သွားပြီး နှုတ်ခမ်းစွန်းလေးတွေကမြင့်တက်လာသည်။
ဒီမေးခွန်းကို ဒီအချိန်အတိအကျကိုပဲ မေးလာတာပါလား...

မနေ့ညနေက သူအိမ်မက်တခုကိုမက်ပြီးနောက် တစ်ညလုံးဆိုဖာပေါ်မှာထိုင်ကာ ရလဒ်တခုကိုစောင့်နေခဲ့သည်။
ထို့နောက် အဲ့အိမ်မက်ကတကယ်ကြီးဖြစ်လာတာပဲ။
သူက ပျင်းရိနေတဲ့လေသံနဲ့
"သူဘာလိုချင်လဲဆိုတာ သူ့ကိုပဲမေးလိုက်ပေါ့"

"မေးလိုက်ရင် စပရိုက်မဖြစ်တော့ဘူးပေါ့ဟ"
တစ်ညလုံး ဆေးလိပ်ထိုင်သောက်နေမိတာကြောင့် ထန်ကျိုးရဲ့အသံတွေပြာနှမ်းနေသည်။
"ဒီတိုင်းဘာမှမပေးရင် ပိုတောင်ကောင်းသေး"

"......"

တဖက်လူကစက္ကန့်အနဲငယ်လောက် တိတ်သွားကာ သက်ပြင်းချလိုက်ပြီး
"ငါမင်းကိုမမေးခဲ့သင့်ဘူး...မင်းဆရာ၀န်လေးဘာလေးသွားပြဦး...အသံကလည်းအက်ပြီးပြာနှမ်းနေတာပဲ...ညကကောင်းကောင်းမအိပ်ခဲ့ရဘူးလား"

အိပ်မက်ထဲကနဲ့မတူတဲ့မေးခွန်းကိုကြားလိုက်ရတာကြောင့် ထန်ကျိုးအနဲငယ်လန်းဆန်းသွားပြီး အလင်းရောင်ကိုတားရန် မျက်လုံးကိုကာလိုက်သည်။

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now