Chapter-(18)

2.1K 456 32
                                    

Unicode

ထန်ကျိုးနိုးလာတော့ ဧည့်ခန်းထဲမှအော်သံတစ်ခုကြားလိုက်ရကာ တစ်စုံတစ်ယောက်ကအပြစ်တင်နေတဲ့လေသံနဲ့
"သူ နိုးသွားမယ်"

ထန်ကျိုးကနားပါးတော့ ထိုလေသံတိုးတိုးလေးကိုတောင်ကြားပါသည်။
သူထပ်အိပ်မနေတော့ဘဲ အိမ်ခန်းတံခါးဖွင့်လိုက်တော့ ဧည့်ခန်းထဲမှာအိုက်မော့က ပန်းအိုးတစ်လုံးကိုင်မြှောက်ပြီး ဖူရှန်းဆီချိန်ရွယ်ထားသည်အားမြင်လိုက်ရသည်။

သူတို့၂ယောက်လုံးတံခါးဖွင့်သံကြားတော့ ထန်ကျိုးဆီကိုပြိုင်တူလှည့်ကြည့်လိုက်ကြသည်။
ထန်ကျိုးက ဖူရှန်းအား
"မင်းဒီကို ဘာလာလုပ်တာလဲ"

ထန်ကျိုးကအခုမှအိပ်ရာထခါစမို့ ဆံပင်တွေကအနဲငယ်ရှုပ်ပွနေပြီး မျက်လုံးမပွင့်တပွင့်နဲ့ ပျင်းရိဟန်ပေါ်နေသည်။
ဖူရှန်းက ထန်ကျိုးရဲ့တစွန်းတစပေါ်နေတဲ့ညှပ်ရိုးလေးကိုကြည့်ပြီး တည်ငြိမ်စွာနဲ့
"ဒီမနက်စာ ဘာစားချင်လဲ"

ထန်ကျိုးက အနဲငယ်သမ်းလိုက်ရင်း
"အစောကြီးရှိသေးတာပဲ...မနက်စာကိုကြိုက်တာလုပ်လိုက်လေ"

"အင်း"

အရပ်ရှည်ရှည်နဲ့ခပ်ချောချောလက်ထောက်လေးဖူရှန်းက အိုက်မော့ကိုတချက်တောင်မကြည့်ဘဲ မီးဖိုချောင်ထဲ၀င်သွားသည်။
ထန်ကျိုးက ဖိနပ်ပါးလေးစီးပြီးရေချိုးခန်းဆီသွားတော့ အိုက်မော့ကသူ့အနောက်မှလိုက်လာကာ ခပ်တိုးတိုးနဲ့
"ဘော့စ် သူကဘော့စ်ကောင်လေးလား"

ထန်ကျိုးကတော့ အိုက်မော့ကိုနရင်းဖြတ်ရိုက်ချင်စိတ်တွေပေါ်လာကာ
"ဘယ်မျက်လုံးက အဲ့လိုမြင်တာလဲ"

"ကျွန်တော့်ရဲ့ကိုယ်ပိုင်မျက်လုံးကြီးနဲ့ပေါ့ ဘော့စ်ရာ"
အိုက်မော့က လုံး၀ကွန်ဖီးဒန့်အပြည့်လေသံနဲ့
"အခုမဟုတ်သေးရင်တောင် မကြာခင်ဖြစ်လာလိမ့်မယ်"

"......."

ထန်ကျိုးက အိုက်မော့ကိုအဖက်မလုပ်တော့ပေ။
မနေ့ညက အိုက်မော့ရဲ့ပေါက်ကရစကားတွေကြောင့် သူဘာပြောပြော ထန်ကျိုးနားမထောင်တော့ပေ။

ထန်ကျိုးက သူ့ကိုအဖက်မလုပ်တာမြင်တော့ အိုက်မော့လည်းဆက်ပြောချင်တာတွေကိုထိန်းကာ သူ့အခန်းဆီပြန်သွားလိုက်သည်။
အဲ့ဒီခပ်ချောချောနဲ့လူ...
အဲ့လူ ဘော့စ်ကိုကြည့်တဲ့အကြည့်တွေကသိပ်မရိုးသားဘူး...

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now