Chapter-(22)

1.3K 309 18
                                    

Unicode

ပါတီပွဲပြီးတော့ ထန်ကျိုးတစ်ယောက် ထန်အိမ်တော်မှအမြန်ထွက်လာကာ ကားမောင်းပြီးပြန်ဖို့လုပ်နေချိန် သာမန်အ၀တ်အစားလဲထားတဲ့ ဖူရှန်းကိုတွေ့တော့ ကားပြတင်းပေါက်မှန်ကိုချကာ ဖူရှန်းဘေးမှာကားရပ်လိုက်သည်။

ဒီနေရာက လူချမ်းသာတွေရဲ့သီးသန့်ရပ်ကွက်ဖြစ်တာကြောင့် မြို့တွင်းနဲ့အလှမ်းဝေးသော်လည်း မီးရောင်တွေထိန်ထိန်ညီးတောက်ပနေသည်။
ဖူရှန်းက ၀ါကျင့်ကျင့်ဓာတ်တိုင်အောက်မှာရပ်ကာ ထန်ကျိုးကိုမြင်တော့ အနည်းငယ်ပြုံးလိုက်ပြီး
"စီနီယာစိတ်ဆိုးသွားတယ်လို့ထင်နေတာ"

သူပါတီမှာတုန်းက ထန်ကျိုးကိုစနောက်နေပေမယ့် မမျှော်လင့်ဘဲ အခြားလူတွေပါ၀င်လာခဲ့သည်။
ထန်ကျိုး သူ့ကိုအပြစ်တင်လိမ့်မယ်လို့ထင်ထားပေမယ့် မမျှော်လင့်ဘဲ သူ့ကိုကားကြုံတောင်ခေါ်တင်တယ်တဲ့လေ..
တကယ့်ကို စိတ်သဘောထားနူးညံ့လွန်းတဲ့သူပဲ...

သူ ထန်ကျိုးနဲ့အနေနီးလာလေလေ ထိုသူရဲ့မမြင်ရတဲ့ကြင်နာတတ်တဲ့နှလုံးသားလေးကို နားလည်လာလေပင်။
ထန်ကျိုးက အေးတိအေးစက်မျက်နှာပေးနဲ့
"ကားပေါ်တက်"

ဖူရှန်းကလည်း တုံ့ဆိုင်းမနေပေ။
ကားရှေ့ခန်းမှာ၀င်ထိုင်ပြီးနောက် မီးရောင်မှိန်မှိန်အောက်က ထန်ကျိုးရဲ့သိမ်မွေ့နူးညံ့တဲ့မျက်နှာတစ်ခြမ်းကို ငေးကြည့်နေမိသည်။
ထန်ကျိုးက မကျေနပ်တဲ့အမူအရာနဲ့ နှုတ်ခမ်းတင်းတင်းစေ့ထားပုံပေါ်ပေမယ့် ထန်ထျန်းရန်တို့တစ်သိုက် ဖူရှန်းစကားကြောင့်ဆွံ့အသွားတာကို ပြန်တွေးပြီးကြိတ်ပျော်နေသည်။

ထိုအခိုက် ဖူရှန်းက
"စီနီယာ ဒီည ညစာဘာစားချင်လဲ"
ပါတီပွဲမှာတုန်းက ထန်ကျိုးဘာမှမစားခဲ့တာကြောင့် ဗိုက်နဲနဲဆာနေပေမယ့် ဘာမှပြန်ပြောမလာပေ။

ဖူရှန်းရုတ်တရက်ကြောင်သွားသည်။
ခုနက ဟွန့်ခနဲနှာမှုတ်လိုက်တာလား...
သူ ကားမောင်းနေတဲ့ထန်ကျိုးအမူအရာကို အသေးစိတ်အကဲခတ်လိုက်တော့ ထိုသူကမျက်မှောင်အနဲငယ်ကျုံ့ကာ ရှေ့ကိုအာရုံစိုက်ပြီးကားမောင်းနေပေမယ့် နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ပါးကမဆိုစလောက်လေးဖောင်းနေတာကို သတိထားမိသွားသည်။
ချစ်ဖို့ကောင်းလိုက်တာ....

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now