Chapter-(11)

2.4K 501 19
                                    

Unicode

ဖူရှန်းပြိုင်ပွဲသွားပြိုင်ချိန် ပြိုင်ပွဲ၀င်အဖွဲ့သားတွေကအဖော်လိုက်ပေးခြင်းဖြစ်ကာ အဖွဲ့ထဲမှာ ပထမနှစ် ဖူရှန်းကလွဲ၍ ကျန်တဲ့သူတွေအားလုံး ဒုတိယနှစ်နဲ့တတိယနှစ်ကျောင်းသားများဖြစ်ကြသည်။

အဖွဲ့ထဲမှာ ဖူရှန်းအပါအ၀င် ကျောင်းသား၂ယောက်နဲ့ ကျောင်းသူ၁ယောက်ပါသည်။
သူတို့အဖွဲ့က ဟိုတယ်ကိုစောစောရောက်တဲ့အတွက် တစ်ယောက်ကိုတစ်ခန်းစီနေရာရထားသည်။

အဖွဲ့ထဲမှမိန်းကလေးက တတိယနှစ်ကျောင်းသူဖြစ်ပြီး သူမကျောင်းစတက်တည်းက ထန်ကျိုးနဲ့လွီရဲ့တို့က ချောမောလှတဲ့ ကျောင်းမြက်လေး၂ယောက်ဆိုတဲ့သတင်းကိုကြားဖူးပြီးသားဖြစ်သည်။
သူမက သူတို့၂ယောက်နဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှကို ၃နှစ်လုံးလုံးနားစွင့်နေတတ်တာကြောင့် အခုအပြင်မှာတွေ့လိုက်တာနဲ့ ဒက်ခနဲမှတ်မိသွားသည်။

သူမက ဟန်တောင်မဆောင်နိုင်တော့ဘဲ ရှက်ရွံ့နေတဲ့အမူအရာလေးနဲ့
"စီနီယာလွီ...စီနီယာထန်"

အဖွဲ့ထဲမှ ကျောင်းသား၂ဦး-"....."

အဲ့ဒါ ခပ်တည်တည်နဲ့အေးစက်လှပါတယ်ဆိုတဲ့ စီနီယာအမရော ဟုတ်ရဲ့လား.....

လွီရဲ့က ခေါင်းငြိမ့်ပြပြီးနှုတ်ဆက်လိုက်သည်။
"ဟဲလို"
ထန်ကျိုးကတော့သူ့ရဲ့ရေစိုရွှဲနေတဲ့ဖိနပ်​ကိုပဲ အာရုံရောက်နေတာကြောင့် ခေါင်းပဲငြိမ့်ပြလိုက်သည်။
၂ဖွဲ့အပြန်အလှန်နှုတ်ဆက်လိုက်ကြပြီးနောက် ဖူရှန်းကချောင်ယွမ်ကိုကြည့်ကာ
"တစ်ယောက်ယောက်ကို စောင့်နေကြတာလား"

လွီရဲ့က 'မင်းနဲ့မဆိုင်ဘူး' ဆိုပြီးပြောမလို့လုပ်နေပေမယ့် ချောင်ယွမ်ကခါးသက်တဲ့လေသံနဲ့
"ခရီးသွားကလပ်မှာ ခရီးတိုလေးထွက်ကြဖို့စီစဥ်တယ်လေ...ရာသီဥတုခန့်မှန်းချက်ကလည်း မိုးမရွာဘူးတဲ့...အာ့နဲ့ ငါတို့ စခန်းချဖို့ရွက်ဖျင်တဲတွေ ဘာတွေတောင်သယ်လာပြီး ဖန်းချင့်ကိုရောက်တဲ့အချိန်မှ မိုးက၀ုန်းခနဲရွာချရော...အခုတည်းဖို့နေရာလိုက်ရှာနေတာ...အခန်းတွေကလည်းပြည့်နေပြီတဲ့...ကံကိုမကောင်းပါဘူးကွာ"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now