Chapter - (26)

1.5K 294 18
                                    

Unicode

ဘတ်စကက်ဘောပြိုင်ပွဲကား ကျန်းတပရိတ်သတ်တို့အားပေးသံများကြား ပြီးဆုံးသွားလေပြီ။
ထန်ကျိုးကတော့ ရမှတ်ကိုတောင်မကြည့်တော့ဘဲ ပြိုင်ပွဲခန်းမထဲမှထွက်လာခဲ့သည်။
ချောင်ယွမ်လည်း ထန်ကျိုးနဲ့အတူ ခန်းမအပြင်သို့ထွက်လိုက်လာသည်။

အပြင်တွင်တော့ ကျန်းတအသင်းသားတွေရှိနေကြပြီး ဖူရှန်းအား အသင်းသား၂ယောက်တွဲထူပေးထားကာ ခြေထောက်တစ်ဖက်ထော့နဲ့နဲ့ဖြင့်လျှောက်နေသည်။
လွီရဲ့ကတော့ မျက်နှာမကောင်းဘဲ ဘေးနားမှလျှောက်လာသည်။

ကုန်းတအသင်းဘက်မှ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်မှန်း သိခဲ့ပေမဲ့လည်း ထိုကိစ္စအား အခုထိ မကျေနပ်သေးပေ။
ပြီးတော့ သူက ဒီပြိုင်ပွဲထဲ ဖူရှန်း၀င်ပြိုင်အောင် တိုက်တွန်းခဲ့မိသူဖြစ်၍ အခုလိုထိခိုက်သွားမှုအတွက် လွီရဲ့ခမျာ အပြစ်မကင်းသလိုခံစားနေရသည်။

လွီရဲ့စဥ်းစားခန်း၀င်နေတုန်း သူ့အသင်းသားတွေရပ်သွားတာတွေ့တော့ လှမ်းကြည့်လိုက်ရာ မျက်နှာသေနဲ့ထန်ကျိုးရယ်၊စိတ်ပူနေတဲ့အမူအရာနဲ့ချောင်ယွမ်ကိုတွေ့လိုက်ရသည်။

ထိုအခါ လွီရဲ့က
"ဒီကိုဘာလာလုပ်တာလဲ"

ဘတ်စကက်ဘောကလပ်အဖွဲ့သားအကုန်လုံး ထန်ကျိုးကိုသိကြသည်။
အခုလာတာကလည်း လွီရဲ့ကိုလာရှာတာလို့ ထင်နေကြသည်။
ထန်ကျိုးကတော့ လွီရဲ့ကိုတစ်ချက်သာကြည့်ပြီး ဖူရှန်းအနားသို့လျှောက်သွားကာ
"ကျောင်းဆေးခန်းမသွားဘဲ ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်ရအောင်..."

ဒဏ်ရာအခြေအနေက အသေးအမွှားမဟုတ်ပေ။
ဖူရှန်းခြေချင်း၀တ်က ဖူးရောင်နေပြီး ခြေထောက်ကို နည်းနည်းထောက်မိရင်တောင် နာလွန်းလှသည်။

ခြေတစ်ဖက်ထောက်ကာရပ်နေတဲ့ဖူရှန်းတစ်ယောက် နဖူးမှာချွေးစို့နေသည်။
ချွေးစက်တွေက လည်တိုင်မှတစ်ဆင့် ရင်ဘတ်ထဲစီးကျနေသည်။
သူ့နှုတ်ခမ်းတွေက ဖြူလျော်နေကာ ပုံစံက ထိရှလွယ်ပြီး ရှက်နေပုံပေါ်သည်။

သူ ထန်ကျိုးကိုကြည့်ပြီးပြုံးလိုက်ကာ
"ကောင်းပါပြီ"

ထန်ကျိုးက
"လွီရဲ့ မင်း ကျန်တဲ့သူတွေနဲ့နေခဲ့....ငါ ဖူရှန်းကို ဆေးရုံပို့လိုက်မယ်"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now