Chapter-(5)

2.5K 529 15
                                    

Unicode

ထန်ကျိုးက သူ့နေရာသူပြန်ရောက်တော့လိုင်းဖွင့်ကာ 'ဆန်ကြိုက်တဲ့ကြွက်လေး' နာမည်နဲ့လူကိုဆက်သွယ်လိုက်သည်။

[ဆန်ပြုတ်ချိုချိုလေး-ငါပြောတဲ့အလုပ်ကိုလက်ခံမှာလား]

[ဆန်ကြိုက်တဲ့ကြွက်လေး-ကျိန်းသေတာပေါ့]

ထန်ကျိုးကဓာတ်ပုံ၂ပုံပို့ပေးလိုက်ပြီး
[မနက်ဖြန်မနက်ပိုင်းလောက်ဆို အချက်အလက်တွေရလောက်လား]

[ဆန်ကြိုက်တဲ့ကြွက်လေး-ရပါတယ် စရန်ငွေလေးသာချေပေးပါ]

သူဓာတ်ပုံတွေ လိုချင်တဲ့အချက်အလက်တွေပြောပြီးပေမယ့် တစ်ဖက်လူကသူ့ကိုစာပြန်ရန်နှောင့်နှေးနေသည်။
ထန်ကျိုး တဖက်လူကိုမေးတော့မယ့်အချိန်မှ တဖက်ကစာပြန်ပို့လာသည်။

[ဆန်ကြိုက်တဲ့ကြွက်လေး-လွန်ခဲ့တဲ့နှစ်၂၀က ကိစ္စကိုပြန်ခြေရာခံရမှာဆိုတော့ ခက်တော့ခက်သား....မနက်ဖြန်မနက်ပိုင်းလောက်နဲ့ အချက်အလက်အားလုံးမရလောက်ဘူး...ပြီးတော့ စျေးလည်းအရင်ကထက်ပိုမြင့်မယ်နော်]

[ဆန်ပြုတ်ချိုချိုလေး-အချိန်တစ်ပတ်ရမယ်...ပိုက်ဆံပမာဏက ပြဿနာမရှိဘူး]

[ဆန်ကြိုက်တဲ့ကြွက်လေး-အိုခေလေ]

၂ယောက်အပြန်အလှန်စကားပြောပြီးနောက် ထန်ကျိုးကလိုင်းပေါ်မှဆင်းလာသည်။
သူဒီလောကထဲမှ 'ဆန်ကြိုက်တဲ့ကြွက်လေး' ရဲ့ဂုဏ်သတင်းကိုကြား၍ အလုပ်အပ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကျန်းချင့်တက္ကသိုလ်၏ယောကျာ်းလေးအဆောင်၌မူ ဖူရှန်းက ရေချိုးပြီးထွက်လာတာနဲ့ သူ့အခန်းဖော်၂ယောက်က သူ့ဘေးမှာ၀န်းရံလာကြသည်။

"နတ်ဘုရားထန်က ငါတို့နဲ့တွေ့ပြီးဆွေးနွေးမယ်လို့ လျန်ချင်း​ပြောတယ်ဟ"
ဖက်တီးကစိတ်လှုပ်ရှားစွာနဲ့ပြောလာသည်။

"အင်း မနက်ဖြန်ည၆နာရီချိန်းထားတာ...အတူတူသွားကြမယ်လေ"

"ကောင်းတယ် ကောင်းတယ် မနက်ဖြန်ဘာ၀တ်သွားရင်ကောင်းမလဲ ရွေးလိုက်ဦးမယ်ကွာ"
တစ်ယောက်က ပီကာချူးအရုပ်ပါတဲ့အင်္ကျီတစ်ထည်ထုတ်ပေးကာ
"ဒါလေးဆိုရင် ဘယ်လိုလဲ"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now