Chapter - (25)

1.1K 266 10
                                    

Unicode

ထန်ကျိုးက ဖူရှန်းအားတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး မျက်ရည်တွေက တသွင်သွင်စီးကျနေသည်။
အချိန်ခဏကြာတော့ ဖူရှန်းလည်ပင်းတစ်၀ိုက် ထန်ကျိုးမျက်ရည်တွေစိုရွှဲသွားသည်။
ဖူရှန်းက ထန်ကျိုးရဲ့တုန်ယင်နေတဲ့ပခုံးအပေါ်လက်တင်ထားကာ ဘာစကားမှမပြောဘဲ ထန်ကျိုးအားငိုခွင့်ပေးထားသည်။

ခဏကြာတော့ ထန်ကျိုးတစ်ယောက် ဖူရှန်းပခုံးပေါ်မှီကာ သက်သောင့်သက်သာအနေအထားနဲ့ အိပ်ပျော်သွားသည်။
သူအသက်ရှူလိုက်တဲ့လေတွေက ဖူရှန်းညှပ်ရိုးဆီကိုရောက်နေတာကြောင့် ဖူရှန်းခမျာ ယားကျိကျိဖြစ်နေသည်။

ဖူရှန်းမျက်လွှာချကာကြည့်လိုက်တော့ ထန်ကျိုးရဲ့အနည်းငယ်ပွနေတဲ့ဆံပင်နဲ့ နားရွက်ဖြူဖြူလေးတွေက သူ့မြင်ကွင်းထဲ၀င်ရောက်လာသည်။
သူထန်ကျိုးအားဖြေးဖြေးချင်းထိန်းကာ အိပ်ရာပေါ် သေသေချာချာနေရာချပေးလိုက်သည်။
သူထန်ကျိုးကိုအိပ်ရာပေါ်နေရာချပေးရင်း အရမ်းနီးကပ်နေကာ ထန်ကျိုးရဲ့ဖြူလွှလွှအသားအရေနဲ့တောင် ထိလုနီးပါးပင်။

ဖူရှန်းသက်ပြင်းချလိုက်ရင်း တစ်ရှူးအစိုယူလိုက်ကာ ထန်ကျိုးမျက်နှာမှ မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။
မျက်နှာတစ်၀ိုက်သေချာသုတ်ပေးနေရင်း နှုတ်ခမ်းဆီရောက်သွားချိန် ခေတ္တရပ်တန့်သွားပြီးမှ စိတ်ထိန်းကာအကြည့်လွှဲလိုက်သည်။
နောက်နေ့ထန်ကျိုးနိုးလာချိန် မျက်လုံးတွေဖူးယောင်မနေစေဖို့ သူ့အခန်းထဲသွားပြီး ရေနွေးငွေ့မျက်လုံးအကာကိုယူကာ ထန်ကျိုးမျက်လုံးကိုအုပ်ထားပေးလိုက်သည်။

ရေနွေးငွေ့မျက်လုံးအကာတွေက အပူကိုလျှော့ချပေးကာ မျက်လုံးညောင်းညာကိုက်ခဲတာပြေလျော့စေပြီး ရောင်ရမ်းတာတွေကျစေသည်။
အိမ်ခန်းထဲမှမီးရောင်က နွေးထွေးကာ ထန်ကျိုးမျက်နှာဆီ မီးရောင်ဖြာကျနေပုံက တမျိုးတမည်ကြည့်ကောင်းနေသည်။

မျက်လုံးအကာက မျက်နှာအပေါ်ကိုကာထားတာကြောင့် ​နှာတံတွေနဲ့ နီရဲရဲနှုတ်ခမ်းပါးတွေသာ ပေါ်နေသည်။
ထန်ကျိုးက ငြင်ငြင်သာသာပဲ အိပ်စက်နေသည်။
ဖူရှန်းရဲ့အေးစက်စက်နှလုံးသားက ရုတ်တရက်ကွဲအက်ကာ နူးညံ့နွေးထွေးမှုတွေက နှလုံးသားဆီမှလျှံထွက်လာသည်။

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now