Chapter-(6)

2.5K 521 22
                                    

Unicode

"ဖူရှန်း မင်းကငါ့ကိုခြိမ်းခြောက်နေတာလား"
ထန်ကျိုးက ဖူရှန်းအားကြည့်ကာ
"ငါသာ မင်းရဲ့ပရောဂျက်ကရင်းနှီးမြှုပ်နှံဖို့မထိုက်တန်ဘူးလို့ အားလုံးကိုပြောပြခဲ့ရင် မင်းကိုယုံမယ့်သူရှိဦးမယ်လို့ထင်လား"
ဖူရှန်းဆီမှာ ရင်းနှီးမြှုပ်နှံမယ့်သူရှိမှာတောင်မဟုတ်ဘူး...
သူ့ကိုများခြိမ်းခြောက်ချင်သေးတယ်ပေါ့...

ဖူရှန်းကဘာမှပြန်မပြောဘဲ ခေါင်းအနဲငယ်ငုံ့ပြီး ဘေစင်မှာလက်ဆေးနေတဲ့ သူ့ရှေ့မှလူငယ်ရဲ့သွေးကြောတွေယှက်ဖြာနေတဲ့လည်ဂုတ်ကိုသာကြည့်နေသည်။

"နတ်ဘုရားထန်က အသုံးမ၀င်တဲ့ပရောဂျက်တွေမှာအချိန်ဖြုန်းလေ့မရှိဘူးလေ"

"ဟုတ်တယ်"
ထန်ကျိုးကမငြင်းပေ။
"ငါ မင်းရဲ့ပရောဂျက်ကိုသဘောတွေ့ပေမယ့် စွန့်စားချင်စိတ်လည်းမရှိဘူးလေ"

"ရှယ်ယာ၄၀ရာခိုင်နှုန်းက များလွန်းတယ်"

"၂၀ရာခိုင်နှုန်းကလည်း နည်းလွန်းတယ်လေ"

၂ယောက်သားမျက်နှာချင်းဆိုင်လိုက်ပြီး ဖူရှန်းက
"ကျွန်တော့်အထင် နတ်ဘုရားထန်ရဲ့မူလရည်ရွယ်ချက်က ပူးပေါင်းမှုကိုပျက်စီးစေချင်တာမဟုတ်ဘူးလို့တော့ထင်တာပဲ"
ထန်ကျိုးရဲ့အကြည့်တွေကအေးစက်သွားပြီး
"ဂျူနီယာဖူကလည်း ပရောဂျက်ကြီးမရပ်သွားစေချင်ဘူးလို့ထင်တာပဲ"
၂ယောက်သား နားလည်မှုယူတဲ့အဓိပ္ပာယ်နဲ့ကြည့်ကာ
"၂ဘက်စလုံး အပြန်အလှန်ညှိနှိုင်းမှုလုပ်ရအောင်"

ဖူရှန်းက သြရှရှလေသံနဲ့
"စီနီယာ အရင်ပြောပါ"
ထန်ကျိုးက အားနာမနေတော့ဘဲ
"ညီတူမျှတူအနေနဲ့ ၃၀ရာခိုင်နှုန်းဆိုရင်ရော"

"၂၅ရာခိုင်နှုန်း"
ဖူရှန်းကခေါင်းခါကာ "အဲ့ထက်တော့ တိုးလို့မရတော့ဘူး"
ထန်ကျိုးအမြင်အရတော့ ရှယ်ယာ၂၅ရာခိုင်နှုန်းဆိုတာဖူရှန်းဘက်မှပေးနိုင်တဲ့ အမြင့်ဆုံးရှယ်ယာပမာဏဖြစ်သည်။
ဖူရှန်းရဲ့ပုံစံအရဆိုရင် သူကဒီပရောဂျက်ကြီးမှာနောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်ရမည်။

ထန်ကျိုးက ဖူရှန်းကိုအပြင်းအထန်အတိုက်အခံလုပ်မည်တော့မဟုတ်ပေ။
၂၅ရာခိုင်နှုန်းဆိုတာ ထန်ကျိုးမျှော်မှန်းထားတဲ့ပမာဏဆိုပေမယ့် သူလွယ်လွယ်နဲ့လည်းအလျှော့မပေးချင်ပေ။
"၂၅ရာခိုင်နှုန်းကမဆိုးပါဘူး...ဒါပေမယ့် မင်းငါ့ကို ကတိတစ်ခုတော့ပေးရမယ်"
ဖူရှန်းရဲ့အကြည့်တွေကအတန်ငယ်စူးရှသွားပြီး
"စီနီယာ ပြောပါ"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now