Chapter-(10)

2.4K 475 16
                                    

Unicode

ထန်ကျိုးတစ်ယောက် သူ့လက်ထဲမှာဝေလငါးရုပ်ပိုက်ကာနိုးလာချိန် ခဏလောက်ကြောင်သွားပြီးမှ မနေ့ညကမူးနေတုန်းဖြစ်ပျက်ခဲ့တာတွေပြန်မှတ်မိလာသည်။
သူဘာတွေလုပ်မိသွားတာလဲ...
ဖူရှန်းရှေ့မှာ ကလေးကလားတွေလုပ်ပြမိတဲ့အပြင် 'ကိုကို' လို့တောင်သွားခေါ်လိုက်သေးတယ်...

ထန်ကျိုးက စောင်ကိုခေါင်းမြီးခြုံလိုက်ပြီး ရှက်ရွံ့မှုနဲ့ဒေါသထွက်စိတ်တွေက တစ်ကိုယ်လုံးပျံ့နှံ့နေသည်။
သူအချိန်တစ်ခုလောက် ဖူရှန်းကိုရှောင်နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကာ ဝေလငါးရုပ်လေးကိုတော့ လွင့်မပစ်ရက်တာကြောင့် ဗီရိုထဲမှာပဲသိမ်းထားလိုက်သည်။

ရက်အနဲငယ်ကြာတော့ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအချက်အလက်များကို သက်ဆိုင်ရာဌာနများသို့လွှဲပေးပြီး ရလဒ်များကိုစောင့်နေလိုက်သည်။
ထိုအချိန် ထန်ကျိုးက 'ဆန်ကြိုက်သောကြွက်လေး' ဆီမှပို့လာတဲ့ e mailကိုဖတ်ပြီးစိတ်မသက်မသာဖြစ်သွားသည်။

ကိုယ့်ကိုယ်ကိုအပြစ်တင်မှုနဲ့ စိတ်ပျက်မှုတို့ရောထွေးနေကာ အိပ်မက်ထဲမှာထန်ကျိုးကဖူရှန်းရဲ့နည်းလမ်းတွေကိုနားမလည်ပေမယ့် အခုချိန်မှာတော့စာနာနိုင်သွားလေပြီ။
သစ္စာဖောက်ခံရမှတော့ သစ္စာဖောက်တဲ့သူကိုဘာလို့သက်ညှာပေးရမှာလဲ...

ထန်ကျိုးက အဘိုးထန်အပေါ်ကိုသံယောဇဥ်အနဲငယ်ကျန်ရှိသေးပေမယ့် ဖူရှန်းကတော့သူ့မွေးဖခင်အပေါ်မှာ အမုန်းတရားတွေသာရှိနေသည်။
ဆိုတော့ သူ့အဖေကိုပြင်းပြင်းထန်ထန်ဖိနှိပ်တာက မဆန်းပါဘူး....

ဖူရှန်းရဲ့လုပ်ရပ်က ပတ်သက်မှုမကင်းတဲ့ချောင်ယွမ်ကိုပါသက်ရောက်သွားသည်။
ထန်ကျိုးက ချောင်ယွမ်ထိခိုက်မှာကိုမလိုလားပေမယ့် ဖူရှန်းရဲ့ဆုံးဖြတ်ချက်တွေကိုတော့ ၀င်စွက်ဖက်ခွင့်မရှိပေ။
၂ဦး၂ဖက်မျှတမယ့်နည်းကို ထန်ကျိုးသေချာစဥ်းစားနေသည်။

ဆန်ကုန်မြေလေး အဖေချောင်အတွက်ကတော့ ထန်ကျိုးဒီလူကိုကာကွယ်ပေးရန်အတွေး လုံး၀မရှိပေ။
ထိုအချိန်တွင် လွီရဲ့ဆီမှဖုန်း၀င်လာကာ
"ထန်ကျိုး အားလပ်ရက်ခရီးလေးထွက်ကြရအောင်...တူတူသွားကြရအောင်လေ..."​

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now