Chapter - (23)

1.1K 267 3
                                    

Unicode

ဖူရှန်းကတော့ လူမိသွားတာကိုမသိသေးဘဲ ခေါက်ဆွဲပြုတ်ဖို့ပြင်နေရင်း ခုနကထန်ကျိုးရဲ့အသွင်အပြင်က သူ့ခေါင်းထဲပြန်ပေါ်လာသည်။
သူက လိင်မှုရေးရာတက်ကြွသူမဟုတ်တဲ့အပြင် ဒီအရွယ်ထိ တစ်ဦးတစ်ယောက်​ကို တစ်ခါမှမတပ်မက်ဖူးပေ။
လိင်မှုရေးရာမဆိုထားနဲ့၊သူ့အနေနဲ့ အချစ်ဆိုတာတောင် ဘာမှန်းမသိပေ။

အခုတော့ သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ 'ထန်ကျိုး' လို့ခေါ်တဲ့၀ဲဂယက်ထဲ သက်ဆင်းမိပြီးနေပြီဖြစ်သည်။
ထန်ကျိုးဆိုတာ အခွံခွာရခက်တဲ့ ချိုမြိန်လှတဲ့သကြားလုံးလေးလိုပင်။
သူ့ကိုအရသာမခံရသေးရင်တောင် ချိုမြမြအနံ့လေးနဲ့အရင်စွဲလမ်းမိမှာဖြစ်သည်။

ရေပွက်ပွက်ဆူနေတဲ့အသံကြောင့် ဖူရှန်းအသိပြန်၀င်လာပြီး ခေါက်ဆွဲခြောက်တွေကိုသင့်တင့်တဲ့ပမာဏအတိုင်းထည့်ချလိုက်သည်။
သူမီးဖိုချောင်ထဲမှထွက်လာတော့ ထန်ကျိုးက ထမင်းစား စားပွဲတွင်ထိုင်နေနှင့်ပြီဖြစ်သည်။

"ကျေးဇူးပဲ"

ဖူရှန်း-"ဒါ ကျွန်တော့်အနေနဲ့ လုပ်သင့်တဲ့အရာပါ"

ထန်ကျိုးအနဲငယ်တွေဝေသွားသည်။
သူမှတ်မိသလောက်ဆိုရင် အိပ်မက်ထဲမှဖူရှန်းက သူ့လက်ထောက်အနေနဲ့ရှိနေတုန်းကတောင် အေးတိအေးစက်နေသူတစ်ယောက်ဖြစ်တဲ့အပြင် သူတို့၂ယောက်ကြား စကားလည်းသိပ်မပြောဖြစ်ခဲ့ကြပေ။
အခုချိန်မှာတော့ တစ်ခုခုကွာခြားနေတယ်လို့ခံစားနေရသည်။

"ငါ ဒီရက်ပိုင်းအတွင်း အိမ်ပြောင်းတော့မယ်"

ဖူရှန်းက အလျင်စလိုနဲ့
"စီနီယာ ဘွဲ့မရသေးဘူးလေ"

ထန်ကျိုးက လေသံခပ်နိမ့်နိမ့်ဖြင့်
"ဘွဲ့ကရတော့မှာလေ...တက္ကသိုလ်ကိုသွား...စာတမ်းဖတ်..ပြီးတာနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတက်ပြီးရင်ရပြီကို"

ထန်ကျိုးနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ဖူရှန်းက တည်ငြိမ်ချင်ယောင်ဆောင်ကာ လက်ချောင်းတွေပွတ်သပ်နေရင်း
"ဘယ်နေရာကိုပြောင်းသွားမလို့လဲ"

"ဒါတော့ မစဥ်းစားရသေးဘူး"
ထန်ကျိုးက ခေါက်ဆွဲစားနေရင်း
"မင်းမှာကိစ္စရှိရင် ငါ့ကိုခေါ်လိုက်လေ"

ချိုမြိန်မှုကိုနှစ်သက်တဲ့ ဗီလိန်လေး(မြန်မာဘာသာပြန်)Where stories live. Discover now