Introduction
2.7K 154 16
ကံကောင်းမှုနှင့် ပျော်ရွှင်ခြင်းသဘောဆောင်သော အနီတို့ဖြင့်အလှဆင်ထားသည့် အိမ်တော်တစ်ခု။
လာရောက်သည့် ပရိတ်သတ်များကတဖွဲဖွဲဖြစ်သလို ကောင်းချီးဩဘာပေးသူများကလည်း မဆဲ။
မင်္ဂလာပွဲတစ်ခု...အတိအကျဆို...မင်းမိန့်ကြောင့်မလွှဲမရှောင်ကျင်းပရသည့် မင်္ဂလာပွဲတစ်ခု။
ချစ်ခြင်းမေတ္တာမပါပဲ တိုင်းပြည်ငြိမ်းချမ်းရေးကြောင့် ကျင်းပရတဲ့မင်္ဂလာပွဲမှာ မောင်နှံနှစ်ဦးကအချင်းချင်းမမြင်ဖူးကြ။
နာမည်အပြည့်အစုံတောင်မသိကြပဲ မျိုးရိုးသာသိကြတဲ့သူတို့ကို လူတွေကချစ်ခင်မြတ်နိုးလွန်းသဖြင့်လက်ဆက်ကြသည်ထင်ကြသည်။ တကယ်တမ်း...
" သတို့သားအချင်းချင်း အပြန်အလှန်ဂါဝရပြုပါ "
သတို့သား...? ပွဲလာပရိတ်သတ်များအားကြောင်,အ စေတဲ့ နာမ်စားတစ်ခုက သတို့သားတဲ့လေ။
ဘုရားရေ! ဒါဆို စစ်သူကြီးရှောင်းရဲ့သတို့သမီးလေးက အမျိုးသားပေါ့!
တီးတိုးပြောသံများကျယ်လာတာနဲ့အမျှ ခေါင်းကိုပုဝါအနီဖြင့်အုပ်ထားရသည့် သတိုးသားငယ်မှာ ခေါင်းငုံ့သွားသည်ကိုတွေ့ရသည်။
သူစိတ်မကောင်းပေ။ အညွန့်တလူလူထနေတဲ့ ကောင်လေးရဲ့အနာဂတ်ကတိုင်းပြည်အတွက်ပေးဆပ်လိုက်ရလေပြီ။
" မင်းအဆင်ပြေရဲ့လား "
" ကျွန်တော်...အဆင်ပြေပါတယ် စစ်သူကြီး "
တုန်ယင်နေတဲ့ထိုကောင်လေးအသံကိုသူကြားသော်လည်း " အင်း " လို့သာဖြေကာ သူ့ပုံစံဖြစ်တဲ့မျက်နှာသေတိုင်းသာ ရပ်နေလိုက်သည်။
အမျိုးသားနှစ်ဦးရဲ့လက်ဆက်ပွဲမှာ ဘယ်အရာကများပျော်စရာပါနေလို့လဲ ?
__________
ရေးချင်လို့ >< ။ Daddy's Bridegroom ကိုလည်းပြန်တင်ပေးတော့မှာပါနော် ဟီး >•< ။
__________
Zawgyi
" မင်းအဆင်ပြေရဲ့လား "
__________
အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now