အပိုင်း (၁၁)

382 42 2
                                    

Unicode

" သခင်လေး ဘယ်သွားမလို့လဲ!? "

အိမ်ရှေ့တံခါးကနေထွက်တော့မဲ့ဟန်ပြင်နေတဲ့ရှောင်းကျန့်ကို စုန့်လီမေးလိုက်တော့ ရှောင်းကျန့်က သူ့အား တဟဲဟဲရီပြရင်း " အပြင်သွားမလို့ "

" ကျွန်တော်သိပါတယ် ဒါပေမဲ့ ဘာလို့အုတ်တံတိုင်းပေါ်ကမကျော်တာလဲလို့ "

" ဪ ဒါလား...ကိုကိုကမှာထားတယ် အမြင့်ကြီးတွေမတက်ရဘူး အန္တရာယ်များတယ်တဲ့ အဲ့တာကြောင့် တံခါးကထွက်တာလေ "

သူ့ကိုပြောပြီးတာနဲ့ ထွက်သွားတဲ့သခင်လေးကြောင့် စုန့်လီ ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့သည်။ သခင်လေးနေ့တိုင်းပြောနေတဲ့ ကိုကိုဆိုတဲ့ကောင်လေးဘယ်သူလဲမသိပေမဲ့ ထိုင်ကန်တော့ချင်သွားသည်။

သူတို့ရဲ့အော့ကြောလန်‌ဘိုးဘေးလေးကို စကားနားထောင်အောင်ဘာဆေးတွေကျွေးလိုက်လဲမသိပေမဲ့ အရမ်းကျေးဇူးတင်မိကာထိုင်ကန်တော့ချင်သည်။

သူတို့စကားဆို ဖင်ကြားထဲတောင်မညှပ်တဲ့သခင်လေးက သူ့ကိုကိုကမတက်နဲ့ဆိုတာနဲ့မတက်ဘူးတဲ့။ ကွယ်လွန်သွားတဲ့သခင်ကြီးနဲ့သခင်မကြီးသာရှိသေးရင် သူတို့ရဲ့သားကြောင့်သွေးတက်နိုင်လောက်တယ်။

ရှောင်းကျန့် ဒီရက်ပိုင်းငြိမ်နေတာဖြစ်သည်။ သူအကြွေးတွေလည်းမယူတော့သလို အမြင့်တွေလည်းမတက်တော့ဘူး။ ကိုကိုနဲ့လည်းနေ့တိုင်းတွေ့ဖြစ်တာကြောင့် ကိုကိုနဲ့ပဲဆော့ကာ ကိုကိုဖတ်ပြသည့် စာအုပ်များထဲကစာကိုနားထောင်သည်။

ကိုကိုကရံဖန်ရံခါမုန့်တွေလည်းယူလာပြီးသူ့ကိုကျွေးတာကြောင့်မလို့ အိမ်လည်းထမင်းပြန်မစားပေ။ ပြောရရင် ကိုကိုနဲ့ရှိရင်ကိုထမင်းမေ့ဟင်းမေ့။

ဒီနေ့လည်း ကိုကိုနဲ့ချိန်းထားတာမလို့ ပုံမှန်တွေ့နေကြ သစ်ပင်ကြီးအောင် ရှောင်းကျန့်တက်ကြွစွာစောင့်နေမိသည်။

သူသိပ်မစောင့်လိုက်ရ။ ကိုကိုကထုံးစံအတိုင်းခြင်းတောင်းလေးသယ်ကာ သူ့ဆီလာနေပြီဖြစ်သည်။ ဒီနေ့ကိုကိုက နို့စိမ်းရောင်လေးဝတ်ထားပြီး ဆံပင်ကိုလည်းအပြောင်သိမ်းလာတာကြောင့် ကိုကို့မျက်နှာလေးပေါ်လွင်နေကာ တအားလှနေတော့သည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now