အပိုင်း (၁၂)

402 51 4
                                    

Unicode

ဂိုလျောနန်းတော်၏ မြှားပစ်ကွင်းတွင်ဖြစ်၏။ အမတ်များကလည်းစုဝေးနေကာ အပျိုတော်များနှင့်အထိန်းတော်များလည်း စပ်စုလိုစိတ်ဖြင့် လာကြည့်ကြလေသည်။

မြှားပစ်ကွင်းရဲ့အလယ်မှာတော့ ဂိုလျောပြည့်ရှင်နဲ့အတူ သူရဲ့ကြင်ယာတော် မင်းသားဝမ်သည် အတူယှဉ်ရပ်နေကြသည်။

" ရိပေါ် ဘယ်လိုလဲ ကိုယ်တော်နဲ့ပြိုင်ဖို့အသင့်ပဲလား "

" မင်းကြီးက ရိပေါ်ကိုအထင်သေးလွန်းတာပဲ "

" ယို့ ဒါဖြင့် ကိုယ်တော်နိုင်သွားရင် ရိပေါ်ဘာပေးမလဲ "

" ရိပေါ်မှာတန်ဖိုးကြီးတာဘာမှမရှိပါဘူး အကယ်၍ မင်းကြီးခွင့်ပြုမယ်ဆို..ရိပေါ် နေ့တိုင်းနေ့တိုင်း မင်းကြီးအတွက် အားဖြည့်ဆေးကျို‌ချက်ပေးပါရစေ "

" ကောင်းပြီ ဒါဖြင့် ရိပေါ်နိုင်ရင် ရိပေါ်ဘာလိုချင်လဲ "

" ရိပေါ်လိုချင်တာမရှိပါဘူး "

" ဒါဆို ကိုယ်တော်ဘာပေးရမလဲစဉ်းစားလိုက်မယ် "

ရိပေါ်ပြုံးပြလိုက်ကြီးနောက် လေးကိုကိုင်ကာ ဘေးကအထိန်းတော်ကမ်းပေးလာသည့်မြှားအားယူလိုက်ပြီး ပစ်မှတ်ကိုချိန်ပြီးပစ်လိုက်သည်။

အလယ်တည့်တည့်တော့မထိပေမဲ့ အလယ်ဘေးနားလေးမှာမလို့ ပစ်မှတ်ကိုထိသည်လို့ပဲပြောရမည်။

သူပစ်ပြီးတော့ ဂိုလျောမင်းကြီးက လက်ခုပ်တီးလိုက်ပြီး သူ့ကိုပြုံးပြကာ ဂိုလျောမင်းကြီးလည်း မြှားပစ်ဖို့ပြင်သည်။ ပစ်မှတ်ကိုတောင်မချိန်ပဲ တန်းပစ်လိုက်တာမလို့ ဘေးကိုချော်ထွက်ကာ မြင်ခင်းပြင်ကိုထိုးစိုက်မိသွား၏။

" အိုင်း ကိုယ်တော်လက်ချော်သွားတယ် ၊ ဒီပွဲကို ကိုယ်တော်ရှုံးတယ်ပဲ ထားလိုက်တော့ "

ရိပေါ် မျက်မှောင်ကျုံ့မိသွား၏။ လက်ချော်တာဆိုတာမဖြစ်နိုင်တာကြောင့်မလို့ တမင်လုပ်တယ်ဆိုတာသိပေမဲ့လည်း သူပြုံးလိုက်ကာ " မင်းကြီးကအရည်အချင်းရှိပြီးသားပါ ရိပေါ်အနိုင်မယူဝံ့ပါဘူး "

သူပြောတော့ ဂိုလျောမင်းကြီးသည် တဟားဟားအော်ရီလာပြီး သူ့လေးအားချကာ ရိပေါ်နားတိုးလာလေသည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now