အပိုင်း (၇)

770 71 8
                                    

Unicode

ရိပေါ်  မျက်လုံးများကိုမှိတ်ကာ စိတ်ငြိမ်ဖို့အတွက်တရားထိုင်နေသည်။ တရားထိုင်သည်ဆိုပေမဲ့သူရဲ့စိတ်တွေကတစုတစည်းထဲမရှိပဲနှင့် အတိတ်တချို့ဆီကိုလွင့်မြောနေတာပင်ဖြစ်သည်။

သူ့ဘဝကိုသူမသိပဲ သူစိမ်းဇနီးမောင်နှံထံ အနှစ်သုံးဆယ်နီးပါးနေထိုင်လာပြီး ထိုမောင်နှံကလည်းသူ့အားသားအရင်းသဖွယ်ချစ်ပေးကာ လိုတရစေခဲ့သည်။ ရေဆိုရေရွှေဆိုရွှေဖြစ်ခဲ့ရတဲ့သူဌေးသားလေးရဲ့ ဘဝအမှန်ကလည်း ရွှေပေါ်မြတင် အိမ်ရှေ့စံအရှင့်သားပါတဲ့လေ။ ရီစရာမကောင်းပေဘူးလား။

ပိုရီစရာကောင်းတာက ထိုသည်ကိုသိသည့်မိဘနှစ်ပါးကလည်း ၂၈ နှစ်လုံးရေငုံနှုတ်ပိတ်ပြီးထုတ်မပြောခဲ့ပေ။ ရိပေါ်ကိုယ်တိုင်သာ မစုံစမ်းခဲ့ရင်သူကခုချိန်ထိ သူ့ကိုယ်သူ ဝမ်အိမ်တော်ကသခင်လေးလို့ပဲထင်နေအုံးမှာ။

" အရှင့်သား ဒီကျွန်နဲ့အတူ တော်ဝင်နန်းတော်ကိုပြန်လိုက်ခဲ့ပါ "

" ကျွန်တော်ကအိမ်ရှေ့စံအရှင့်သားမဟုတ်ဘူး လူကြီးမင်းကျိုး "

" အရှင့်သား! "

" ကျွန်တော့်ကို‌မလိုချင်လို့စွန့်ပြစ်ခဲ့တဲ့မိဘတွေကိုလည်း အမေရယ်အဖေရယ်လို့ခေါ်ပြီး ကျေးဇူးမဆပ်နိုင်ဘူး "

" အရှင့်သား ဘုရင်မကပစ်ခဲ့တာမဟုတ်ပါဘူး ပျောက်သွားခဲ့တာပါ။ "

" ပျောက်သွားတဲ့သား...ပျောက်သွားတဲ့နိုင်ငံတော်ရဲ့အဓိကပဲ့ကိုင်ရှင်ကို ရှစ်နှစ်ကြာမှရှာဖို့လုပ်တာလည်းထည့်ပြောပါအုံး လူကြီးမင်းကျိုး "

" အရှင့်သား အထင်လွဲနေပါပြီ "

" ခင်ဗျားပြန်လိုက်ပါတော့ "

" အရှင့်သား! ဘုရင်မက အခုအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတယ် အရှင့်သား ဒီတိုင်းကြည့်နေတော့မလို့လား "

" ………. "

" သိပ်မကြာခင်နှစ်အတွင်းပဲဘုရင်မနတ်ရွာစံတော့မယ် အရှင့်သားမရှိရင်တိုင်းပြည်ပျက်မှာပါ "

" တော်တော့ "

" အရှင့်သား ကျေးဇူးပြုပြီး... "

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now