အပိုင်း (၉)

545 59 13
                                    

Unicode

" စစ်သူကြီး!! တောင်ပိုင်းကျသွားပါပြီ! "

" ဘာဖြစ်တယ်!! "

‌ရှောင်းကျန့် သူ့နားပင်သူမယုံနိုင်။

စစ်သည်တော်တစ်သိန်းပို့လိုက်သည့် တောင်ပိုင်းသည် ဘာကြောင့်ကျသွားရသနည်း။

" ပြောကြတာကတော့ စစ်သူကြီးပင်းက သစ္စာဖောက်သွားတယ်လို့ပြောပါတယ် "

" သူတို့ဘက်ကဘယ်နှစ်ယောက်လဲ "

" မများဘူးဆိုရင်တောင် အနည်းဆုံး ငါးထောင်လောက်ရှိမယ် ထင်တယ် "

" ကောင်းပြီ ဒီမှာရှိနေတဲ့ စစ်သည်တော်တွေထဲက သုံးထောင်ကိုခေါ်သွားပြီး တပ်ရင်းမှာရှိသမျှစစ်သည်အကုန်ခေါ်သွားလိုက်! "

" စစ်သူကြီး စစ်သည်တော်သုံးထောင်ခေါ်သွားရင် စစ်သူကြီး... "

ရှောင်းကျန့်စစ်မြေပြင်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး " ခေါ်သွားတော့ "

စစ်သည်တော်သုံးထောင်ကိုခေါ်သွားမည်ဆိုလျှင် သူ့တွင်စစ်သည်အနည်းငယ်သာကျန်ခဲ့မည်ဖြစ်ပြီး ထိုထဲမှတချို့တလေသည် တိုက်ပွဲဝင်ရင်းပင် အသက်ဆုံးသွားရပြီဖြစ်သည်။ ထို့ကြောင့် အထောက်တော်စစ်သည်ငယ်သည် သူ့အားစိတ်မချဖြစ်သည်မှာမဆန်းပေ။

စစ်သူကြီးဝူလျန်ကိုအရှေ့ဘက်ဂိတ်မှာချထားခဲ့ပြီး စစ်သူကြီးချန်ကိုမြောက်ဘက်မှာချထားကာ သူကတော့အနောက်ဘက်ဂိတ်ကိုတာဝန်ယူထားလေသည်။ စစ်သူကြီးပင်းကတော့ တောင်ဘက်ဂိတ်ကိုနေရာယူထာပေမဲ့ သစ္စာဖောက်သွားတာကြောင့် မလွဲမသေ နန်းတော်ထဲကျူးကျော်လာကြတော့မည်ဖြစ်သည်။

ရှောင်းကျန့် အရှင်မြတ်ရဲ့ကိုယ်ရံတော်တပ်ဖွဲ့ကိုနန်းတွင်းထဲတပ်ချထားတာမှန်သွားလေသည်။ မဟုတ်လျှင် အရှင်မြတ်နဲ့တော်ဝင်မိသားစုရဲ့အသက်ကိုအာမ မခံနိုင်ပေ။

ဂိုလျောသည် အစထဲကကြိုတင်စီစဉ်ပြီးမှလာခြင်းဖြစ်သည်။

ရွှီ!

ရှောင်းကျန့် ရှီးဟွေ့ကိုထုတ်ပြီးတာနဲ့ စစ်မြေပြင်ထဲပြေးဝင်သွားကာ တစ်ယောက်မကျန်အကုန်ရှင်းတော့သည်။ အင်အားချင်းမမျှသော်လည်း သူမမှုပါ။ စစ်သူကြီးဆိုသည့်နေရာကိုလွယ်လွယ်ရခဲ့တာမဟုတ်တာကြောင့် မျက်စိတမှိတ်စာအတွင်းပဲ လူငါးယောက်အသာလေးသတ်နိုင်လေသည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now